30 အဲလိုမို့ လူလို့ဟ မြို့ထဲမှထွက်ယွေ့ ကိုယ်တော်ဆေဟို လာကြအယ်။
အားပင်း ယေရှုဟ “အဲနည်းတူ နောက်ကျသော သူလို့ဟ အရင်ကျကြလိမ့်မယ်။ အရင်ကျသော သူလို့ဟ နောက်ကျကြလိမ့်မယ်” ဟု မိန့်အယ်။
“ငါ ပြုခဲ့သမျှသောအရာလို့ဟို ငါ့အား ပြောပြသူဟို လာပင်း ကျေ့ကြပါ။ သူဟ မေဆှိယ ဖြစ်လိမ့်မယ်လော” ဟု လူလို့အား ဆိုအယ်။
ဟေအချိန်အတွင်းနှိုက် တဘဲ့တော်လို့ဟ “ဆရာ၊ အစားအစာ သုံးဆောင်ပါ” ဟု ကိုယ်တော်အား တောင်းပန်ကြအယ်။
ရှမာရိအမျိုးသမီးဟ “ဟေသူဟ ငါပြုခဲ့သမျှသော အမှုအရာများဟို သက်သေခံခဲ့အယ်” ဟု ဆိုသဖြင့် အေးမြို့ဆိ ရှမာရိလူ အမြောက်အမြားပင် ယေရှုအား ယုံကြည်လာကြအယ်။
အဲမို့ ငါဟ ခုတင်ချင်း နင့်ရဲ့ ဆေဟို လူလွှတ်ခဲ့ပင်း နင်ဟလည်း ကြွရောက်လာသောကျောန့် ကောင်းစွာပြုပီ။ အခု နင့်အားဖြင့် ထာဝရဘုရား မိန့်သမျှသော စကားတော်လို့ဟို ကြားနာရန် ငါလို့ဟ ဘုရားသခင်ရဲ့ ဆေ့တော်မှောက်ဟို ရောက်ဆိနေကြပါပီ” ဟု ပြောဆိုအယ်။
တရားဇရပ်မှ ပေါလုနဲ့ ဗာနဗလို့ ထွက်ခွာလာကြစဉ်၊ လူလို့ဟ သူ့အား နောက်ဥပုသ်နေ့နှိုက် ပြန်လာပင်း ဟေအကျောန်းအရာများဟို ထပ်ပြောရန် တောင်းပန်ကြအယ်။
ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
ပညတ်တရားဟ ကျူးလွန်သော အပစ်ဟို များပြားစေရန် ဝင်ရောက်ခဲ့အယ်။ အဲလိုလဲ အပစ်များလာလဲ့ နေရာနှိုက် ကျေးဇူးတော်ဟ ပိုပင်း ပြေ့စုံကြွယ်ဝလေအယ်။