Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ယောဟန် 4:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။

Faic an caibideil Dèan lethbhreac




ယောဟန် 4:14
32 Iomraidhean Croise  

အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။


ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ လိုက်နာရန် လိုလားတောင်းတသောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ ဘုရားသခင်ဟ သူလို့ဟို အပြေ့အဝ ကျေနပ်စေ လိမ့်မယ်။


သူခိုးဟ ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဖို့သာ လာတတ်အယ်၊ ငါဟတော့ သိုးလို့ဟို အသက်ရဆိစေဖို့ သာမက — အဲအသက်ဟို ပြေ့စုံစေဖို့ လာခြင်းဖြစ်အယ်။


ငါ့ဟို ယုံကြည်ယွေ့ အသက်ဆှင်သောသူဆိသမျှလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ ဟေအရာဟို နင် ယုံကြည်သလော” ဟု မေးအယ်။


ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူဟလည်း နင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေအယ်။


အေးအမျိုးသမီးဟ “ဆရာ၊ ယေတွင်းဟ နက်ပင်း ကိုယ်တော်မှာ ခပ်စရာ ယေပုံး မဆိမန့်။ ဖယ်နားဟနေပင်း အသက်ယေဟို ရမာလုန်း။


ယေရှုဟ “ဟေယေဟို သောက်သောသူတိုင်း နောက်တဖန် ယေငတ် လိမ့်အုံးမယ်၊


ရိတ်သူဟ အခဟို ခံယူပင်း ထာဝရ အသက်ဆှင်ခြင်းအလိုငှာ သီးနှံများဟို ရိတ်သိမ်းအယ်၊ အဲလိုမို့ စိုက်သူနဲ့ ရိတ်သူလို့ဟ အတူဝမ်းမြောက်ကြလိမ့်မယ်။


ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။


ယေရှုဟ သူလို့အား “ငါဟ အသက်မုန့် ဖြစ်အယ်၊ ငါ့ဆေဟို လာသောသူဟ ပစာအခါနှိုက်မျှ ဆာငတ်လိမ့်မယ် မဟုတ်၊ ငါ့ဟို ယုံကြည်သောသူဟလည်း ပစာအခါမျှ ယေငတ်လိမ့်မယ် မဟုတ်။


ဟေဟာဟ ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။ နင်လို့ ဖိုးဘေးများ စားသုံးခဲ့လဲ့ မုန့်လိုမျိုး မဟုတ်ဘဲ၊ အေးမုန့်ဟို စားလဲ့သူဟလည်း နောက်မှာ သေကြရအယ်။ ဟေမုန့်ဟို စားသောသူဟ အစဉ်မပြတ် အသက်ဆှင်လိမ့်မယ်” ဟု မိန့်လေအယ်။


ပွဲတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်လဲ့ နောက်ဆုံးနေ့နှိုက် ယေရှုဟ ရပ်လျက် “ယေငတ်သောသူဟ ငါ့ဆေဟို လာယွေ့ သောက်လော့၊


အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။


အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။


သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။


ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။


သူလို့ဟ နောက်တဖန် ဆာလောင်ခြင်း၊ ယေငတ်ခြင်း ဆိတော့မှာ မဟုတ်။ နေ အဲဟာမဟုတ်ရင် အခြားစလို အပူရှိန်မျှ သူလို့အပေါ် ကျရောက်မယ် မဟုတ်။


အကျောန်းမှာ ပလ္လင်တော် အလယ်တွင် ဆိသော သိုးသငယ်ဟ သူလို့ဟို အုပ်ထိန်းယွေ့ အသက်ယေ ထွက်ရာ စမ်းယေတွင်းဟို သူလို့ဟို လမ်းပြပို့ဆောင်လိမ့်မယ်။ ဘုရားသခင်ဟလည်း သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်” ဟု ဆိုအယ်။


Lean sinn:

Sanasan


Sanasan