Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ယောဟန် 3:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

6 အသွေးအသားအားဖြင့် မွေးဖွားသူဟ အသွေးအသား ဖြစ်အယ်၊ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူဟ ဝိညာဉ် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ယောဟန် 3:6
25 Iomraidhean Croise  

သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။


တဖန်မွေးဖွားခြင်း ခံရကြမယ်လို့ ငါဆိုသောကျောန့် မအံ့ဩနဲ့။


ငါ့အသက်ဆှင်လဲ့ အထဲမှာ ကောင်းသောအရာ မဆိကျောန်းဟို ငါ သိအယ်၊ အေးအရာဟ ငါရဲ့ လူ့သဘောသဘာဝ ဖြစ်အယ်။ အကျောန်းမှာ ကောင်းသော အကျင့်ဟို ငါကျင့်ချင်သောအခါ ငါ အဲဒါဟို လုပ်လို့ မရဘူး။


ငါလို့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်လွှတ်သော ဘုရားသခင်ရဲ့ ကျေးဇူးဟ ကြီးလှပေအယ်။ အချုပ်အားဖြင့် ငါရဲ့ ဖြစ်ရပ်ဟို ဖော်ပြရသော် ငါဟ စိတ်အားဖြင့် ဘုရားသခင်ရဲ့ တရားတော်အောက်နှိုက် အစေခံသော်လည်း ဇာတိသဘောအားဖြင့် အပစ်တရားအောက်နှိုက် အစေခံအယ်။


အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။


အကျောန်းမှာ နင်လို့ဟ ဇာတိပကိအတိုင်း အသက်ဆှင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆှင်ကြလိမ့်မယ်။


အားပေမဲ့ သခင်ဘုရားနဲ့ ဆက်ဆံသူဟ ဝိညာဉ်တော်အားဖြင့် ကိုယ်တော်နဲ့ တစိတ်တဝိညာဉ်တည်း ဖြစ်အယ်။


အဲကျောန့် စသူမဆို ခရစ်တော်နှိုက်ဆိရင် အသစ်ဖန်ဆင်းခံရသူ ဖြစ်အယ်၊ ဟောင်းသောအရာလို့ဟ ကွယ်ပျောက်သွားယွေ့ ခပ်သိမ်းသောအရာလို့ဟို အသစ်ဖြစ်ကြပီ။


ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။


တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။


ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာကြသောအခါ နင်လို့ဟ ဇာတိသဘောမှ လွတ်မြောက်ခြင်း တည်းဟူသော အရေဖျားလှီးခြင်းဟို ခံယူကြအယ်၊ ဟေအရေဖျားလှီးခြင်းဟ ကိုယ်ကာယနဲ့ဆိုင်သော အရေဖျားလှီးခြင်း မဟုတ်၊ ခရစ်တော်ပြုလုပ်လဲ့ အရေဖျားလှီးခြင်း ဖြစ်အယ်။


ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။


Lean sinn:

Sanasan


Sanasan