6 ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။
အေးသူဟ ‘ဆီဂါလံ ၈၀၀ ပေးဖို့ ဆိပါအယ်’ ဟု ပြန်ပြောအယ်။ အဲအခါ ငွေကြေးဥစ္စာထိန်းသိမ်းလဲ့သူဟ ‘နင့်စာရင်းဟို ယူယွေ့၊ ထိန်ပင်း ဂါလံ ၄၀၀ လို့ ရေးမှတ်လိုက်’ ဟု ဆိုအယ်။
ယေရှုဟ “အေးအိုးများတွင် ယေအပြေ့ ထည့်ကြလော့” လို့ အစေခံလို့အား မိန့်အယ်။ သူလို့ဟ အိုးအဝထိ ယေပြေ့အောန် ထည့်ကြအယ်၊
ယောဟန်ရဲ့ တဘဲ့အချို့လို့ဟ ထုံးတမ်းစဉ်လာစလေ့အရ သန့်ဆှင်းခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ ယုဒအမျိုးသားတယောက်နဲ့ စတင် အငြင်းပွားကြအယ်။
နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊
ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။
နင်လို့ဟ နှစ်ခြင်းမင်္ဂလာဟို သွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ တရားစီရင်ခြင်းအကျောန်း နင်လို့အား သင်ကြားပင်း ဖြစ်အယ်။
အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။
မောရှေဟ ပညတ်တရားတွင် ပါဆိလဲ့ ပညတ်ဆိသမျှလို့ဟို လူအားလုံးလို့အား နီမြန်းသော သိုးမွေးနဲ့ ဟုဿုပ်ပင်ခက်ဟို အသုံးပြုကာ ယေနဲ့ ရောသော နွားအသွေး၊ ဆိတ်အသွေးဖြင့် ပညတ်ကျမ်းစာဟို လည်းကောင်း၊ လူအားလုံးလို့ဟို လည်းကောင်း၊ ပက်ဖျန်းအယ်။