25 ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။
ယေရှုဟ အဲသူလို့ တွေးတောပုံဟို သိမျော်သဖြင့် “နင်လို့ဟ ပစာကျောန့် ဟေလို့မားယွင်းစွာ တွေးနေကြလုန်း။
အဲပင်းရင် သူဟ ရှိမုန်အား ယေရှုဆေဟို ခေါ်သွားအယ်။ ယေရှုဟ ရှိမုန်ဟို ကျေ့ယွေ့ “နင်နာမယ်ဟ ယောဟန်သား ရှိမုန် ဖြစ်အယ်၊ အဲလိုလဲ နင့်ဟို ကေဖဟု ခေါ်ရလိမ့်မယ်” ဟု ပြောအယ်။ ကေဖဟ ပေတရုဟု နာမယ်နဲ့တူတူ ဖြစ်ယွေ့ “ကျောက်” ဟု အနက်ဆိအယ်။
ယေရှုဟ သူ့ဆေဟို နာသနေလ လာနေတာ မျော်သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ်အယ်၊ သူ့တွင် ပစာအမားမျှ မဆိမန့်” လို့ ကိုယ်တော်အကျောန်းဟို ပြောအယ်။
အကျောန်းမှာ ယေရှုဟ မိမိအား သစ္စာဖောက်မဲ့သူဟို သိပင်းဖြစ်သောကျောန့် “နင်လို့အားလုံး စင်ကြယ်တာ မဟုတ်” ဟု မိန့်ရခြင်း ဖြစ်အယ်။
တဘဲ့တော်လို့ အဲလို့ ညည်းတွားနေကြတာဟို ယေရှု သိသဖြင့် “ဟေစကားကျောန့် နင်လို့ စိတ်ပျက်ကြသလော။
အဲလိုလဲ နင်လို့တွင် မယုံကြည်သောသူအချို့ ဆိအယ်” ဟု မိန့်လေအယ်။ အဲလို မိန့်လဲ့အကျောန်းမှာ မယုံကြသောသူလို့ဟ စသူလို့ဖြစ်ကြတာဟို လည်းကောင်း၊ မိမိဟို သစ္စာဖောက်မဲ့သူဟ စသူဖြစ်တာဟို ယေရှုဟ အစဦးဟပင် သိသောကျောန့် ဖြစ်အယ်။