18 ယုဒအာဏာပိုင်လို့ဟ မေးခွန်းများနဲ့ ကိုယ်တော်ဆေဟို ပြန်လာပင်း “နင်ဟ ဟေအမှုအရာများဟို ပြုလုပ်ပိုင်ကျောန်း သိသာစေရန် ငါလို့အား ပစာ နိမိတ်လက္ခဏာဟို ပြမှာတုန်း။”
ယေရှုဟ ဗိမာန်တော်ဟို ပြန်လည်ကြွလာယွေ့ ဟောပြောသွန်သင်စဉ် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ အထံတော်ဟို လာပင်းရင် “နင်ဟ ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုလုန်း။ အေးအခွင့်အာဏာဟို စသူဟ နင့်အားပေးလုန်း” ဟု မေးဆှောက်ကြအယ်။
ဖာရိရှဲအချို့လို့ဟ ယေရှုဆေဟို လာယွေ့ ကိုယ်တော်နဲ့ စတင်ပင်း ငြင်းခုံကြအယ်။ သူလို့ဟ ကိုယ်တော်ဟို ထောင်ချောက်ဆင်ချင်ကြအယ်၊ အဲလိုမို့ သူလို့ဟ ကိုယ်တော်ဟို ဘုရားသခင် နှစ်သက်ကျောန်း ပြသရန် နိမိတ်လက္ခဏာ ပြုလုပ်ရန် သူ့ဟို တောင်းဆိုကြအယ်။
လူအုပ်ကြီးဟ စုဆုံလျက်နေတုန်းတွင် ကိုယ်တော်ဟ “ခနေ့ခေတ်လူလို့ဟာ ရမ်းဆာ့ ဆိုးညစ်အယ်။ သူလို့ဟ နိမိတ်လက္ခဏာဟို တောင်းဆိုကြရာတွင် ပရောဖက် ယောနရဲ့ လက္ခဏာတခုမှ လွဲယွေ့ ပစာနိမိတ်လက္ခဏာဟိုမျှ ပြနိန်ဝူးဟု ပြောအယ်။
အခု ယေရုရှလင်မြို့ဆိ ယုဒ အာဏာဆိသောသူလို့ဟ ယဇ်ပုရောဟိတ်နဲ့ လေဝိအနွယ်ဝင် အချို့လို့ဟို ယောဟန်ဆေ စေလွှတ်ယွေ့ “နင်ဟ စသူတုန်း” လို့ သူ့ဟို မေးမြန်းကြအယ်။
“နင်ဟ မေဆှိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်လည်း မဟုတ် ပစာကျောန့် နှစ်ခြင်းမင်္ဂလာဟို ပေးတာတုန်း” လို့ သူ့ဟို မေးကြအယ်။
အဲသူလို့ဟ “အဲလိုမို့ ငါလို့ မျော်ယွေ့ ကိုယ်တော်ဟို ယုံကြည်နိန်စေရန် ပစာ နိမိတ်လက္ခဏာဟို ပြရမှာတုန်း၊ ပစာအမှုဟို လုပ်ဆောင်ရမှာတုန်း၊
အဲသူလို့ဟ မိမိလို့ဆေ့တွင် တမန်တော်နေပါးဟို ရပ်စေယွေ့ “နင်လို့ဟ စလို တန်ခိုး အဲဟာမဟုတ်ရင် စလို နာမအားဖြင့် ဟေအမှုဟို ပြုလုန်း” ဟု မေးမြန်းကြအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။