7 အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။
ငါ့ ခမည်းတော် ကတိထားခဲ့လဲ့အရာဟို နင်လို့ပေါ် ငါ စေလွှတ်လိမ့်မယ်။ အဲလိုလဲ နင်လို့ဟ ခေါန်းခင်ဟ တန်ခိုးဟို မခံရသေးခင်ထိ ယေရုရှလင်မြို့မှာ ငံ့နေကြလော့” ဟု ပြောလေအယ်။
ငါ ပြောလဲ့စကားဟို နားထောင်ပါ ဧလိယ လက်ထက်နှိုက် ဣသရေလနိုင်ငံတွင် သုံးနှစ်နဲ့ ခြောက်လပတ်လုံး မိုးမရွာသောအခါ မြေတပြင်လုံးတွင် ပြင်းထန်သော အစာငတ်မွတ် ခေါင်းပါးခြင်း ဖြစ်ပွားခဲ့သောကျောန့် မုဆိုးမများ ရမ်းဆာ့များခဲ့အယ်ဆိုတာ မန်သောစကား ဖြစ်အယ်။
နင်လို့ဟို ငါအမန်အကန်ဆိုတာဟ ဟေအရပ်နှိုက်ဆိသော သူအချို့လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်ခင် မသေရကြ” ဟု ပြောအယ်။
ခမည်းတော်ဟ ငါ့နာမကျောန့် စေလွှတ်လဲ့ မစသောသူတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအရာလို့ဟို သွန်သင်ပေးယွေ့ ငါပြောခဲ့သမျှသောအရာလို့ဟို နင်လို့အား ပြန်လည် သတိရစေလိမ့်မယ်။
‘ငါ အခုသွားသော်လည်း နင်လို့ဆေဟို ပြန်လာဦးမယ်’ ဟု ငါပြောတာဟို နင်လို့ ကြားခဲ့ပီ။ နင်လို့ဟ ငါ့ဟို ချစ်ရင် ခမည်းတော်ဆေဟို ငါသွားမည်ဟို ဝမ်းမြောက်ကြလိမ့်မယ်၊ အကျောန်းမှာ ငါ့ခမည်းတော်ဟ ငါ့ထက် သာယွေ့ ကြီးမြတ်အယ်။
အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
“ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီမစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။
အဲသူကြွလာသောအခါ လောကသားလို့အား အပစ်အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအကျောန်းဟို ဖော်ပြလိမ့်မယ်။
ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆှားခြင်း မဆိသေးသောကျောန့် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူသေး။
အဲအခါ ပေတရုဟ “အမန်စင်စစ် ဘုရားသခင်ဟ မျက်နှာကြီးငယ် မထောက်ကျောန်းဟို အခု ငါသိဆိ နားလည်လာအယ်။
ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။
ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။
ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။