2 နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။
ခန္ဓာကိုယ်ဟို သတ်နိန်သော်လည်း ဝိညာဉ်ဟို မသတ်နိန်သော သူများအား မကြောက်ကြနဲ့။ ခန္ဓာကိုယ် နဲ့ဝိညာဉ် နေမျိုးစလုံးဟို ငရဲတွင် ဖျက်ဆီးနိန်သော သူဟိုသာလျှင် ကြောက်ကြလော့။
“အေးနောက် လူတို့ဟ နင်လို့ဟို နှိပ်စက်ရန် အပ်နှံယွေ့ သတ်ဖြတ်ကြပင်း နင်လို့ဟ ငါရဲ့နာမကျောန့် လူမျိုးအပေါင်းလို့ဟ နင်လို့ဟို မုန်းကြလိမ့်မယ်။
“လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။
“ဟေအရာလို့ဟို ပုံဥပမာအားဖြင့် ငါပြောအယ်။ ပုံဥပမာအားဖြင့် မဟောပြောဘဲ ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟို နင်လို့အား ပွင့်လင်းစွာ ဖော်ပြသော အချိန်ကာလ ရောက်ဆိလာလိမ့်မယ်။
နင်လို့ဟ ကွဲပြားယွေ့ ငါ့ဟို တကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီး မိမိလို့နေရာသို့ ပြေးသွားမဲ့အချိန်ကာလဟ လာယွေ့ အခုပင် ရောက်အယ်။ အဲလို့မို့ ငါဟ တကိုယ်တည်းနေတာ မဟုတ်၊ ခမည်းတော်ဟ ငါနဲ့အတူ ဆိအယ်။
ယေရှုဟ “အချင်းမိန်းမ၊ ငါ့စကားဟို ယုံလော့၊ ဟေတောင်ပေါ်နှိုက် အဲဟာမဟုတ်ရင် ယေရုရှလင်မြို့နှိုက် လည်းကောင်း ခမည်းတော်ဟို ဝတ်ပြုကိုးကွယ်ခြင်း မပြုတော့မဲ့အချိန် ရောက်ဆိလာလိမ့်မယ်။
ဝတ်ပြုကိုးကွယ်သူလို့ဟ ခမည်းတော်အား အမန်စင်စစ်ဖြစ်လဲ့အတိုင်း ဝိညာဉ်တော် တန်ခိုးအားဖြင့် မန်ကန်စွာ ဝတ်ပြုကိုးကွယ်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လျက်ဆိအယ်၊ အကျောန်းမှာ ခမည်းတော်ဟ အေးလိုမျိုးသော ဝတ်ပြုကိုးကွယ်သူလို့ဟို အလိုဆိအယ်။
သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။
အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
အဲစကားဟို ကြားသောအခါ လွှတ်တော်အဖွဲ့ဝင်လို့ဟ ပြင်းစွာ အူထော့ကြသဖြင့် တမန်တော်လို့အား သေဒဏ်ပေးချင်ကြအယ်။
သူဟ “ကျေ့ပါ၊ ခေါန်းခင် ဖွင့်လှစ်ယွေ့ လူသားဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ရပ်လျက်နေတာဟို ငါမျော်အယ်” ဟု ဆိုအယ်။
အသရေရှုတ်ချခြင်းဟို ခံရသောအခါ တောင်းပန်ကြအယ်။ အခုတိုင်အောန် ငါလို့ဟ ဟေလောကရဲ့ အပယ်ခံများ၊ လူတိုင်း စွန့်ပစ်ထားလဲ့ အမှိုက်လို ဖြစ်ကြအယ်။
စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။
သိုးသငယ်ဟ ပဉ္စမ တံဆိပ်ဟို ဖွင့်သောအခါ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျောန့် လည်းကောင်း၊ သစ္စာဆိလဲ့ သက်သေခံချက်ကျောန့် လည်းကောင်း၊ အသေသတ်ခြင်း ခံရသော သူလို့ရဲ့ ဝိညာဉ်များဟို ယဇ်ပလ္လင်အောက်တွင် ငါမျော်ရအယ်။