1 “နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများဟို ငါ ပြောထားခဲ့ပီ။
ငါရဲ့အပေါ်နှိုက် သံသယကင်းသူလို့ဟ မင်္ဂလာဆိကြအယ်” ဟု မိန့်အယ်။
အဲလိုလဲ သူလို့ရဲ့ စိတ်နေလုံးတွင် အမြစ်မစွဲ၊ ကာလကတစ်သာ တည်နေအယ်။ အဲလိုမို့ သူလို့ဟ သတင်းစကားကျောန့် ဒုက္ခ အဲဟာမဟုတ်ရင် နှိပ်စက်ညှဉ်းပန်းမှု ကြုံသောအခါ ခုတုံးပင် ဖောက်ပြန်သွားကြအယ်။
ယေရှုရဲ့ အပေါ်နှိုက် အကြည်ညိုပျက်ကြအယ်။ ယေရှုဟလည်း “ပရောဖက်ဟ မိမိမြို့နဲ့ မိမိနေအိုင်မှလွဲယွေ့ မစာအရပ်တွင်မဆို ဂုဏ်အသရေဆိအယ်” ဟု မိန့်အယ်။
အေးကာလနှိုက် ရမ်းဆာ့သောလူလို့ဟ ယုံကြည်ခြင်း လမ်းလွဲကြလျက် အချင်းချင်း တယောက်ဟိုတယောက် မုန်းပင်း သစ္စာဖောက်ကြလိမ့်မယ်။
“နင်လို့နှိုက် ငါရဲ့ ဝမ်းမြောက်ခြင်း တည်နေယွေ့ နင်လို့ ဝမ်းမြောက်ခြင်းဟ ပြေ့ဝစုံလင်စေမဲ့အကျောန်း ဟေအရာများဟို နင်လို့အား ငါပြောအယ်။
သူလို့ရဲ့အချိန်ရောက်သောအခါ ငါဟ ဟေသို့ပြောပီးတာဟို နင်လို့ သတိရစေရန် ဟေအကျောန်းအရာများဟို ငါ ပြောထားအယ်။ “ငါဟ နင်လို့နဲ့အတူ ငါဆိသောကျောန့် ဟေအကျောန်းအရာများဟို အစဦးနှိုက် နင်လို့အား မပြောခဲ့ဝူး။
အမဲသားဟို စားခြင်း၊ စပျစ်ယေဟို သောက်ခြင်း ကိစ္စမှစယွေ့၊ သူတပါးဟို လဲကျစရာအကျောန်း မဖြစ်စေဖို့ ဆှောင်ကြဉ်ရမယ်။
အဲမှသာ နင်လို့ဟ အကောင်းဆုံးသောအရာဟို ရွေးချယ်နိန်ကြမှာ ဖြစ်ပင်း ခရစ်တော်ရဲ့ နေ့ရက်နှိုက် အပစ်တင်စရာ မဆိဘဲ အညစ်အကြေးနဲ့ ကင်းစင်လိမ့်မယ်။
အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။