4 ငါနှိုက် တလုံးတဝတည်း တည်နေကြလော့၊ ငါဟလည်း နင်လို့နဲ့ တလုံးတဝတည်း တည်နေမယ်။ စပျစ်ခက်ဟ အပင်နှိုက် မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိန်သလို နင်လို့ဟ ငါနှိုက် မတည်ရင် အသီးမသီးနိန်ကြ။
“အသီးကောင်းဟို ရလိုလျှင် အပင်ကောင်းဟို စိုက်ရမယ်။ အပင်ညံ့ဟ အသီးညံ့ဟို သီးလိမ့်မယ်။ အသီးဟိုထောက်ပင်း အပင်အကျောန်းဟို သိရအယ်။
ကောင်းသောမြေပေါ်တွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားယွေ့ ကောင်းသော နာခံမှုဆိသော စိတ်နေလုံးဖြင့် ထိန်းသိမ်းထားကာ အသီးသီးသည်အထိ တည်မြဲကြအယ်။
အဲနေ့တွင် ငါ့ခမည်းတော်နှိုက် ငါဆိတာဟို လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ့ ငါဟ နင်လို့နှိုက် ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။
ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။
ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။
အဲလိုမို့ ယေရှုဟ မိမိဟို ယုံကြည်သောသူလို့အား “နင်လို့ဟ ငါရဲ့သွန်သင်တာဟို နာခံရင်၊ နင်လို့ဟ ငါရဲ့ တဘဲ့အမန် ဖြစ်ကြပင်း၊
သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။
တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။
နင်လို့ဟ ယုံကြည်ခြင်းနှိုက် တည်ကြည်ခြင်း ဆိ၊ မဆိ မိမိတတ်တိုင်း ဆန်းစစ်ကြလော။ နင်လို့အထဲနှိုက် ခရစ်တော် ယေရှုဆိကျောန်း နင်လို့တတ်တိုင်း မသိကြသလော အဲဟာမဟုတ်ရင် နင်လို့ဟ စုံစမ်းစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများ ဖြစ်လေပီလော။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
ယေရှု ခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း အသီးအပွင့်နဲ့ ပြေ့စုံယွေ့ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားခြင်းနဲ့ ဂုဏ်တော်ချီးမွန်းခြင်း အဖြစ်သို့ ရောက်မဲ့အကျောန်း ငါ ဆုတောင်းအယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။
နင်လို့ဟ ခရစ်တော် ယေရှုအား သခင်အဖြစ် လက်ခံကြသဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် အသက်ဆှင်ကြလော။
အဲဟာကျောန့် တိမောသေဟို ငါလွှတ်လိုက်အယ်။ ငါသည်းမခံနိန်တော့တဲ့အတွက် နင်လို့ရဲ့ ယုံကြည်ခြင်းအကျောန်း သိဖို့ သူ့ဟို စေလွှတ်လိုက်အယ်။ မာရ်နတ်ဟ နင်လို့အား စုံစမ်းသွေးဆောင်ခဲ့ပင်း ငါလို့ရဲ့ လုပ်ဆောင်မှုအားလုံးဟ အလကားကား မဖြစ်နိန်တာဟ သေချာအယ်။
အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
ဘုရားသခင်နှိုက် ငါတည်အယ်ဟု ဆိုသောသူဟ ခရစ်တော် အသက်ဆှင် ဆော့က်လှမ်းလဲ့အတိုင်း အသက်ဆှင် ဆော့က်လှမ်းရမယ်။
ခရစ်တော်ရဲ့ သွန်သင်ချက်နှိုက် မတည်ဘဲ အဲဟာဟို ကျော်လွန်သောသူတိုင်းဟ ဘုရားသခင်ဟို မရဆိပေ၊ အဲသွန်သင်ချက်နှိုက် တည်သောသူဟ ခမည်းတော်နဲ့ သားတော်ဟို ရဆိအယ်။