9 ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါ့ရဲ့ခြေဟိုသာ မဆေးပါနဲ့၊ ငါ့ရဲ့ လက်နဲ့ ဦးခေါင်းဟိုလည်း ဆေးပါ” ဟု ပြန်ပြောအယ်။
ပိလတ်မင်းဟ စလိုအကျိုးမှ မဆိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မယ့် အရိပ်အရောင်ဟိုသာ သိမျော်လာသဖြင့် လူထုဆေ့တွင် ယေဟို ယူယွေ့ “ဟေသူရဲ့ အသွေးနဲ့ ငါဟ ကင်းဆှင်းအယ်။ နင်လို့ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ဆိုကာ မိမိရဲ့လက်ဟို ဆေးအယ်။
ယေရှုဟ “ယေချိုးပင်းသောသူဟ သူလို့ရဲ့ခြေဟို ဆေးခြင်းမှတပါး ဆေးရသောအကျောန်း မဆိ၊ တကိုယ်လုံး စင်ကြယ်အယ်။ နင်လို့ထဲမှ တယောက်ဟလွဲပင်း အားလုံးစင်ကြယ်အယ်” ဟု မိန့်အယ်။
ပေတရုဟလည်း “မဟုတ်ဝူး၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ပစာခါမှ မဆေးရ” ဟု ပြောအယ်။ ယေရှုဟ “နင့်ခြေဟို ငါ မဆေးရရင် နင်ဟ ငါ့တဘဲ့ ဖြစ်မှာ မဟုတ်တော့ဝူး” ဟု ပြန်ဖြေအယ်။
ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။
အေးအရာဟ အခု နင်လို့ဟို ကယ်တင်သော နှစ်ခြင်းဟို ပုံဆောင်အယ်။ နှစ်ခြင်းဟ ကိုယ်ကာယရဲ့ အညစ်အကြေးဟို ချွတ်ပယ်ခြင်း မဟုတ်ဘဲ ယေရှု ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းသော အသိစိတ်ဟို ဘုရားသခင်ဆေ တောင်းဆှောက်ခြင်း ဖြစ်အယ်။