4 သူဟ သိုးလို့ဟို အပြင်ထုတ်သောအခါ၊ သိုးလို့ အဆေ့မှ သွားယွေ့၊ သိုးလို့ဟ သူရဲ့ အသံဟို သိသောကျောန့် နောက်ဟ လိုက်တတ်ကြအယ်။
အဲပင်းရင် ယေရှုဟ တဘဲ့တော်လို့အား “စသူမဆို ငါ့တဘဲ့ဖြစ်ချင်ရင် ကိုယ့်ကိုယ်ဟို ငြင်းပယ်ပင်း သူလို့ဟ ကိုယ့်လက်ဝါးကပ်တိုင်ဟို ထမ်းယွေ့ ငါ့နောက်ဟို လိုက်ရမယ်။
ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။
ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ့ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြအယ်။
အေးသူအား ထင်ခါးစောင့်ဟ သိုးထိန်းအတွက် ထင်ခါးဖွင့်ပေးတတ်အယ်၊ သူရဲ့အသံဟို သိုးလို့ဟ နားထောင်တတ်ကြပင်း၊ သူဟ မိမိသိုးလို့ဟို နာမယ်ဖြင့် ခေါ်ယွေ့ ပြင်ဟို ထုတ်ဆောင်တတ်အယ်။
သိုးလို့ဟ လူစိမ်းရဲ့ နောက်ဟို လိုက်လိမ့်မယ် မဟုတ်၊ အဲအစား လူစိမ်းရဲ့အသံဟို မသိသောကျောန့် သူ့ဆေမှ ထွက်ပြေးလိမ့်မယ်” ဟု မိန့်လေအယ်။
ငါ့ဆေ့နှိုက် လာသောသူဆိသမျှလို့ဟ သူခိုးနဲ့ ထားပြများ ဖြစ်အယ်၊ အဲလိုလဲ သိုးလို့ဟ သူလို့ရဲ့ စကားဟို နားမထောင်ကြ။
ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။
ငါဟ နင်လို့နှိုက် ပြုသလို နင်လို့ဟလည်း ပြုကြရန် ပုံသက်သေဟို ပြခဲ့ပီ။
ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။
မင်္ဂလာဆောင်သတို့သမီးဟို သိမ်းပိုက်ရသူဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သားရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆာ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေ့အဝ ဝမ်းသာရလေပီ။
ငါဟ ခရစ်တော်နည်းတူ ကျင့်သလို နင်လို့ဟလည်း ငါ့တိုင်းတိုင်း ကျင့်ကြလော့။
နင်ဟ ဘုရားသခင်ရဲ့ ချစ်လှစွာသော လူပဲ့သငယ်များဖြစ်သောကျောန့်၊ နင်ဟ သူလိုမျိုးတူအောန် ကြိုးစားရမယ် ဖြစ်အယ်။
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
ယေရှုဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူတူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လာပင်း အဲကန့်လန့်ကာအတွင်းဟို ဆေ့ဆောင် လမ်းခင်းပေးသူအဖြစ် ငါလို့ ကိုယ်စားဝင်အယ်။
နင်လို့ဟ ဟေအတွက် ခေါ်ခြင်းခံရအယ်။ ပစာကို့ ခရစ်တော်ဟလည်း နင်လို့ဟို မိမိခြေရာတော်အတိုင်း လိုက်ဆှောက်စေရန် နင်လို့အစား ဆင်းရဲဒုက္ခခံရလျက် နင်လို့အတွက် စံနမူနာဟို ထားပေးအယ်။
ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။
နင်လို့အား ခွဲဝေပေးအပ်ထားသော သူလို့အပေါ် စိုးမိုးချယ်လှယ်ခြင်း မလုပ်ဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။