3 ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မဆိ။
အဲနှုတ်ကပတ်တော်ဟ ဟေလောကနှိုက် ဆိအယ်၊ ဟေလောကဟ သူ့အားဖြင့် ဖြစ်လာသော်လည်း လောကဟ ကိုယ်တော်ဟို အသိမှတ်မပြုဝူး။
နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ ဆိအယ်။
ငါလို့အဖို့ ဘုရားသခင်၊ ခမည်းတော် တပါးတည်းသာ ဆိအယ်။ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းအယ်။ ကိုယ်တော်အဖို့ ငါလို့ အသက်ဆှင်ကြအယ်။ ငါလို့မှာ သခင်ဘုရား တပါးတည်း ဆိအယ်။ အဲသူဟ ယေရှု ခရစ်တော် ဖြစ်အယ်။ အဲသူအားဖြင့် ခပ်သိမ်းသောအရာလို့ဟ ဖန်ဆင်းခြင်းဟို ခံရကြပင်း သူ့အားဖြင့် ငါလို့ဟ အသက်ဆှင်ကြအယ်။
ဘုရားသခင်ရဲ့ လျှို့ဝှက်အကြံအစည်ကို စလိုအကောင်အထည် ဖော်မယ်ဆိုတာကို လူအားလုံးဟို သိမျော်လာစေရန် အခွင့်အထူးဟို ငါ့အား ပေးအယ်။ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်ဟ မခင်အခါ တဆှောက်လုံးတွင် သူရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခဲ့အယ်။
မမျော်နိန်သောအရာထဲမှ မျော်ရသောအရာ ဖြစ်ပေါ်လာစေရန် ဘုရားသခင်ဟ အမိန့်တော်အားဖြင့် လောကဓာတ်ဟို ဖန်ဆင်းကျောန်းဟို ငါလို့ သိကြရတာဟ ယုံကြည်ခြင်းကျောန့် ဖြစ်အယ်။
ယေရှုဟ မေဆှိယ ဖြစ်ကျောန်းဟို ယုံကြည်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်အယ်။ အဖဟို ချစ်သောသူဟ အဲအဖရဲ့ သားဟိုလည်း ချစ်တတ်အယ်။
“လောဒိကိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဟေအရာဟ အာမင် ဖြစ်သောသူ၊ သစ္စာဆိလဲ့ ဖြောင့်မန်သော သက်သေ၊ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတွင် အစဦးဖြစ်သူဟ ဟေလို မိန့်အယ်။
“ငါလို့ရဲ့ အဆှင် ဘုရားသခင်၊ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းသဖြင့် အဲအရာလို့ဟ ကိုယ်တော်ရဲ့ အလိုတော်အားဖြင့် တည်ယွေ့ ဖန်ဆင်းခြင်း ခံရပီ ဖြစ်သောကျောန့် ကိုယ်တော်ဟ ဘုန်းတော်၊ ဂုဏ်တော်နဲ့ တန်ခိုးတော်လို့ဟို ခံယူထိုက်အယ်” ဟု ဆိုကြအယ်။