Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ယောဟန် 1:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ယောဟန် 1:14
60 Iomraidhean Croise  

ယာကုပ်ဟ ယောသပ်ရဲ့ အဖ၊ မာရိရဲ့ ဖိုးအို၊ ယေရှုရဲ့ အမေ့၊ ခရစ်တော်ဟူယွေ့ ခေါ်သောသူ ဖြစ်အယ်။


ခုနေ့တွင် ဒါဝိဒ်မြို့နှိုက် သခင် ခရစ်တော်တည်းဟူသော ကယ်တင်ဆှင်ဟ နင်လို့အဖို့ မွေးဖွားပီ။


သားဦးဟို မွေးယွေ့ ခနှီးနဲ့ ထုပ်ပင်း၊ ဧည့်သည် တည်းစရာ နေရာနှိုက် သူလို့နေစရာ မဆိသောကျောန့် အောင်နီငယ်ဟို နွားစားခွက်ထဲမှာ သိပ်ထားကြအယ်။


ပေတရုနဲ့ သူ့ရဲ့ အဖော်လို့ဟ အိပ်မွေ့လျက်နေကြအယ်။ အဲလိုလဲ သူလို့ဟ ထလာပင်း ယေရှုရဲ့ ဘုန်းတော်နဲ့ သူနဲ့အတူ ရပ်နေကြလဲ့ လူနေယောက်လို့ဟို မျော်ကြအယ်။


အစဦးနှိုက် နှုတ်ကပတ်တော် ဆိအယ်၊ နှုတ်ကပတ်တော်ဟ ဘုရားသခင်နဲ့အတူ ဆိအယ်၊ နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။


ယေရှုဟ “နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ်လော” ဟု မိန့်အယ်။


ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။


ယေရှုဟ “ဖိလိပ္ပု၊ ငါဟ နင်လို့နဲ့အတူ ဟေမျှလောက်ကြာအောန် နေခဲ့ပင်းဖြစ်လျက် ငါ့ဟို နင် မသိသေးသလော၊ ငါ့ဟို မျော်သောသူဟ ခမည်းတော်ဟို မျော်အယ်။ အဲလိုမို့ ‘ခမည်းတော်ဟို ငါလို့အား ပြပါ’ ဟု ပစာကျောန့် နင်လို့ ပြောတုန်း။


ကိုယ်တော်နဲ့ ငါဟ တလုံးတဝတည်းဖြစ်သလို အဲသူလို့ဟလည်း ဖြစ်ကြစေရန် ငါဟ ကိုယ်တော်ပေးသော ဘုန်းအသရေဟို သူလို့အား ပေးပါပီ။


“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။


ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။


ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။


ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆာ့ ချစ်သောကျောန့် မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်၊ အဲဟာဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။


သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။


ငါဟ ခေါန်းခင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်အယ်။ စသူမဆို ဟေမုန့်ဟို စားရင် ထာဝရ အသက်ဆှင်လိမ့်မယ်။ လောကီသားလို့ အသက်ဆှင်ဖို့ ငါပေးလဲ့မုန့်ဟ ငါရဲ့အသား ဖြစ်အယ်” ဟု မိန့်အယ်။


နင်လို့ဟ သမ္မာတရားဟိုလည်း သိသောကျောန့် အေးသမ္မာတရားဟ နင်လို့အား လွတ်မြောက်စေလိမ့်မယ်” ဟု မိန့်အယ်။


ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျောန့် မတတ်နိန်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေးအယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင် အပစ်ဒဏ်စီရင်နိန်ရန် မိမိရဲ့ သားတော်အား လောကဟို စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆှားရန် ငါလို့ရဲ့ အပစ်ဆိသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့လာအယ်။


သူလို့ရဲ့ ကျော်ကြားလဲ့ ဟေဗြဲအမျိုးအနွယ်ဟ ဖိုးဖေးများမှ ဆက်သက်လာသူများ ဖြစ်ပင်း၊ ခရစ်တော်ဟ လူ့ဇာတိအားဖြင့် အေးသူလို့ရဲ့ အမျိုးအနွယ် ဖြစ်အယ်။ အရာအားလုံးဟို အစိုးရသော ဘုရားသခင်ဟို ထာဝရ ချီးမွန်းစေသတည်း။ အာမင်။


ပထမလူ အာဒံဟ မြေမှုန့်မှ ဖန်ဆင်းထားသောသူ ဖြစ်သောကျောန့် မြေကြီးသား ဖြစ်အယ်။ ဒုတိယလူ အာဒံဟ ခေါန်းခင်ဘုံမှ လာသောသူ ဖြစ်အယ်။


အားပေမဲ့ ကိုယ်တော်ဟ “ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်” ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။


အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ


ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း


အကျောန်းမှာ ဘုရားသခင်ရဲ့ အလိုတော်အရ သားတော်ဟ ဘုရားဇာတိဟို အပြေ့ဝ ခံယူအယ်။


အဲသူဟ အောင်းထားသော ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အသိပညာ ဘဏ္ဍာလို့ဟို ဖွင့်ပြလဲ့ သော့ ဖြစ်အယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ ဇာတိအဖြစ် ပြေ့စုံခြင်းဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ကျိန်းဝပ်အယ်၊


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။


အကျောန်းမှာ ဘုရားသခင်ဟ ပစာ ခေါန်းခင်တမန်အား၊ “နင်ဟ ငါရဲ့ သား ဖြစ်အယ်၊ ခနေ့ပင် နင့်ဟို ငါဟ နင်ရဲ့ အဘ ဖြစ်လာအယ်” ဟူယွေ့ လည်းကောင်း ပစာ ခေါန်းခင်တမန်နဲ့မျှ ပတ်သက်ယွေ့၊ “ငါဟ သူရဲ့ အဘ ဖြစ်မယ်။ သူဟလည်း ငါရဲ့သား ဖြစ်ရမယ်” ဟူယွေ့ လည်းကောင်း မိန့်မြွက်ခဲ့ဖူးတာ မဆိ။


အဲကျောန့် ခရစ်တော်ဟ ဟေလောကဟို ကြွလာသောအခါ ဘုရားသခင်အား၊ “ကိုယ်တော်ဟ ယဇ်နဲ့ ပူဇော်သကာဟို အလို မဆိဘဲ ငါလို့အတွက် ကိုယ်ခန္ဓာဟို ပြင်ဆင်ထားအယ်။


ယေရှုဟ သူလို့အား အပစ်များမှ သန့်စင်စေအယ်၊ ကိုယ်တော်နဲ့ ကိုယ်တော် သန့်ဆှင်းစေသော သူလို့တွင် အဘတဦးတည်းဆိသဖြင့် ကိုယ်တော်ဟ အဲသူလို့အား မိမိရဲ့ ညီအကို မောင်နှမများဟု ခေါ်ဆိုရန် ဆှက်တော်မမူ။


အဲတိုင်းတိုင်း ခရစ်တော်ဟလည်း ယဇ်ပုရောဟိတ်မင်းအရာနှိုက် မိမိတတ်တိုင်း ချီးမြှောက်တာ မဟုတ်။ ဘုရားသခင်ဟ ကိုယ်တော်အား “နင်ဟ ငါရဲ့ သား ဖြစ်အယ်၊ ခနေ့ပင် ငါဟ နင်ရဲ့ အဖ ဖြစ်လာအယ်” ဟု မိန့်အယ်။


ခမည်းတော်ဟ သားတော်အား လောကဟို ကယ်တင်ရန် စေလွှတ်ကျောန်းဟို ငါလို့ တွေ့မျော်ရယွေ့ သက်သေခံကြအယ်။


ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။


အကျောန်းမှာ ယေရှု ခရစ်တော်ဟ လူသားအဖြစ်ဖြင့် ကြွလာတာဟို ဝန်မခံသောသူဖြစ်လဲ့ လှည့်စားသောသူများစွာလို့ဟ ဟေလောကနှိုက် ပေါ်လာကြပီ။ အဲသို့သောသူဟ လှည့်စားသောသူဖြစ်ပင်း ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်အယ်။


သူဟ အသွေးနှိုက် နှစ်ထားသော ဝတ်လုံဟို ဝတ်ထားလျက် သူရဲ့ နာမယ်ဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟု ခေါ်အယ်။


အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် “ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။


Lean sinn:

Sanasan


Sanasan