6 နင်လို့ဟ ဖြောင့်မတ်သောသူဟို အပစ်ဆိတာဟု သတ်မှတ်ယွေ့ သတ်ကြပီ၊ သူဟ နင်လို့ဟို ဆီးတားခြင်း မပြု။
အဲလိုလဲ အေးသူလို့ဟ ဥယျာဉ်ဆှင်ရဲ့ သားကို မျော်သောအခါ ‘ဟေသူဟ အမွေစား အမွေခံ ဖြစ်အယ်။ လာကြ၊ သူ့ဟို သတ်ယွေ့ သူ့ဥစ္စာဟို ယူကြကုန်အံ့’ ဟု အချင်းချင်း တိုင်ပင်ပင်းနောက်
ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ ဗာရဗ္ဗအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမန့်၊ ယေရှုဟို သတ်မန့် ဟု ပိလတ်မင်းဆေ တောင်းဆိုရန် လူအုပ်လို့အား စည်းရုံးသိမ်းသွင်းကြအယ်။
အဲလိုလဲ နင်လို့ဟို ငါပြောတာဟ မကောင်းသောသူဟို အတိုက်အခံ မပြုကြနဲ့။ တစုံတယောက်ဟ နင်ရဲ့ လက်ယာပါးဟို ရိုက်ရင် အခြားပါးတဖက်လည်း လှည့်ပေးဦးလော။
သူဟ ‘နင်သည် ငါလို့ဖိုးဖေးများ ဘုရားသခင်ဟ မိမိအလိုတော်ဟို သိစေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော အစေခံအား မျော်စေရန် လည်းကောင်း၊ အေးအဆှင်ရဲ့ စလောင်မှ အသံဟို ကြားစေရန် လည်းကောင်း ကိုယ်တော်ဟ နင့်အား ရွေးချယ်လေပီ။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
အဲသူ ဖတ်လျက်နေလဲ့ ကျမ်းစာချက်မှာ၊ “သူဟ သတ်ရန် လျာထားသော သိုးလိုမျိုး ခေါ်ဆောင်သွားခြင်းဟို ခံရယွေ့၊ သိုးသငယ်ဟ အမွေးညှပ် သူလို့ရဲ့ ဆေ့နှိုက် အသံမထွက်ဘဲ နေသလိုမျိုး သူဟ မိမိ နှုတ်ဟို မဖွင့်ဘဲ နေအယ်။
အားပေမဲ့ ငါရဲ့ ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်မယ်။ သူဟ တွန့်ဆုတ်ရင် ငါရဲ့ စိတ်ဝိညာဉ်ဟ သူ့ဟို နှစ်သက်မယ် မဟုတ်” ဟု ဖော်ပြထားအယ်။
အားပေမဲ့ နင်လို့ဟ ဆင်းရဲသောသူလို့ဟို မထီမဲ့မြင် ပြုကြအယ်။ ချမ်းသာသောသူလို့ဟ နင်လို့ဟို ညှဉ်းဆဲနှိပ်စက်ကြတာ မဟုတ်လော။ သူလို့ဟ နင်လို့အား တရားရုံးဟို ဆွဲခေါ်သွားကြတာ မဟုတ်လော။
နင်လို့ဟ မိမိလို့ အလိုဆိသောအရာများဟို မရနိန်သဖြင့် လူ့အသက်ဟို သတ်ရန် အသင့်ဆိကြအယ်။ မိမိလို့ ရမ်းဆာ့ လိုလားတောင့်တလဲ့ အရာများဟို မရနိန်သဖြင့် အငြင်းပွားကြအယ်။ နင်လို့ လိုလားသောအရာဟို မရဆိကြလဲ့ အကျောန်းမှာ ဘုရားသခင်ဆေဟို မတောင်းဆှောက်ကြသောကျောန့် ဖြစ်အယ်။
ကျမ်းစာနှိုက် “ဖြောင့်မတ်သောသူအတွက် ခက်ခဲစွာ ကယ်တင်ခြင်း ခံရမယ်ဆိုရင်၊ ဘုရား မကိုးကွယ်သောသူနဲ့ အပစ်သားလို့ဟ စလိုဖြစ်လာ မလုန်း” ဟု ပြောအယ်။