11 သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
လူတိုင်းဟ ငါကျောန့် နင်လို့ဟို မုန်းကြလိမ့်မယ်။ အဲလိုလဲ အဆုံးတိုင်အောန် တည်ကြည်သူဟ ကယ်တင်ခြင်းခံရလိမ့်မယ်။
မျိုးဆက် တဆက်မှ နောက်တဆက်အထိ ကိုယ်တော်ဟို ရိုသေသူအပေါင်းလို့အား ကရုဏာတော်ဟို ပြသအယ်။
တောင်းသောသူဟ ရလိမ့်မယ်၊ ဆာသောသူဟ တွေ့လိမ့်မယ်၊ ထင်ခါးဟို ခေါက်သောသူလို့ဟ ထင်ခါးဟို ဖွင့်လိမ့်မယ်။
နင်လို့အဖဟ ကရုဏာဆိလဲ့အတိုင်း နင်လို့ဟလည်း ကရုဏာ ဆိကြလော့။
အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်ဆှည်ခြင်းနဲ့ သည်းခံစိတ် ဆိခြင်းလို့ဟို မထီမဲ့မြင်ပြုသလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာကျောန်းဟို နင် အမန်သိအယ်။
သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
အဲလိုလဲ ဘုရားသခင်ရဲ့ ကရုဏာတော်ဟ ရမ်းဆာ့ကြွယ်ဝပင်း ငါလို့အတွက် ကိုယ်တော်ရဲ့မေတ္တာဟ ရမ်းဆာ့ကြီးမားအယ်။
အားပေမဲ့ ငါလို့ဟ တွန့်ဆုတ်ရင် ပျက်စီးခြင်းဟို ရောက်သောသူများ မဟုတ်ဘဲ ယုံကြည်လျက် အသက်ဟို ပိုင်ဆိုင်သောသူများ ဖြစ်ကြအယ်။
ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
ငါ့ ညီအကို မောင်နှမလို့၊ နင်လို့ဟ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းနဲ့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာ သက်သက်ဖြစ်တာဟု မှတ်ယူကြလော့။
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။
အဲလိုလဲ ဖြောင့်မတ်ခြင်းကျောန့် ဆင်းရဲဒုက္ခ ခံရရင်တောင် နင်လို့ဟ မင်္ဂလာ ဆိအယ်။ သူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို မကြောက်ကြနဲ့၊ မစိုးရိမ်ကြနဲ့။
အဲကျောန့် ထာဝရဘုရားဟ ဘုရားဝတ်နှိုက် မွေ့လျော်သောသူလို့ဟို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမယ်ဟို လည်းကောင်း၊ မဖြောင့်မတ်သော သူလို့ဟို တရားစီရင်ရာ နေ့ရက်နှိုက် အပစ်ဒဏ်ခံစေရန် ထိန်းသိမ်းထားရမယ်ဟို လည်းကောင်း သိအယ်။