1 ချမ်းသာသောသူလို့၊ အခု နားထောင်ကြလော့။ နင်လို့အပေါ် သက်ရောက်မဲ့ ဒုက္ခဆင်းရဲခြင်းများအတွက် ငိုကကြလော့။
နေဟ ပူသောအရှိန်နဲ့ ထွက်သောအခါ မြက်ပင်ဟ သွေ့ခြောက်ခြင်းဟို ရောက်ယွေ့ မြက်ပွင့်လည်း ကြွေတတ်အယ်၊ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်အယ်။ အဲတိုင်းတိုင်း ငွေရတတ်သောသူဟ မိမိအမှုအရာလို့နှိုက် ညှိုးနွမ်းပျောက်ပျယ်ခြင်းဟို ရောက်တတ်အယ်။
အားပေမဲ့ နင်လို့ဟ ဆင်းရဲသောသူလို့ဟို မထီမဲ့မြင် ပြုကြအယ်။ ချမ်းသာသောသူလို့ဟ နင်လို့ဟို ညှဉ်းဆဲနှိပ်စက်ကြတာ မဟုတ်လော။ သူလို့ဟ နင်လို့အား တရားရုံးဟို ဆွဲခေါ်သွားကြတာ မဟုတ်လော။
“ခနေ့၊ မနက်ခါနှိုက် ဟေမြို့ဟို သွားယွေ့ အဲအရပ်နှိုက် တနှစ်ပတ်လုံးနေလျက် ကုန်သွယ်ကာ အမြတ်ရအောန် လုပ်ကြမယ်” ဟု ဆိုတတ်သောသူလို့၊ အခု နားထောင်ကြလော့။
စိတ်ညှိုးငယ်ခြင်း၊ စိတ်မသာညဉ်းတွားခြင်းနဲ့ ငိုကခြင်း ဆိကြလော့။ နင်လို့ရဲ့ ရယ်မောခြင်းဟို စိတ်မသာညဉ်းတွားခြင်း ဖြစ်စေယွေ့ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းဟို ဝမ်းနည်းခြင်း ဖြစ်စေကြလော့။