1 နင်လို့တွင် ဆိသော စစ်တိုက်ခြင်းနဲ့ ခိုက်ရန်ဖြစ်ခြင်းလို့ဟ ပစာကျောန့် ဖြစ်လာကြလုန်း။ နင်လို့ထဲနှိုက် ပြိုင်ဆိုင် တိုက်ခိုက်နေကြလဲ့ နင်လို့ရဲ့ ကာမဂုဏ် ခံစားလိုသောစိတ်မှ ဖြစ်လာကြတာ မဟုတ်လော။
အကျောန်းမှာ မကောင်းသော တွေးတောကြံစည်မှုများ၊ လူ့အသက်ဟို သတ်ခြင်း၊ အိုင်ထောင်ရေး ဖောက်ပြန်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လိမ်လည်ခြင်း၊ သူ့အသရေဟို ဖျက်ခြင်း အစဆိသည့် စုတ်ပဲ့လဲ့ အကြံအစည်များဟ စိတ်နေလုံးထဲမှ ထွက်လာအယ်။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆိလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်၊ ငါ့ရဲ့ စိတ်ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ်အယ်။ ၎င်းဟ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။
အကျောန်းမှာ ငါလို့ဟ လူ့ဇာတိသဘောအရ အသက်ဆှင်နေကြသောအခါ ပညတ်တရားကျောန့် ဖြစ်ပေါ်လာလဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟ ငါလို့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေပင်း ငါလို့ သေခြင်းနှိုက် အဆုံးသတ်သွားအယ်။
လူ့ဇာတိနဲ့ဆိုင်သော စိတ်ဟ ဘုရားသခင်နဲ့ ဆန့်ကျင်ဖက်ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်တရားဟို မနာခံတတ်၊ အဟုတ်တတ်လည်း မလိုက်ဆှောက်နိန်။
အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။
အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
အားပေမဲ့ ပညာမဲ့သော အငြင်းပွားမှုဟ ခိုက်ရန် ဖြစ်ပွားစေတတ်တာဟု သိမှတ်လျက် ဆှောင်ဆှားလော့။
အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
အဲလိုလဲ မိုက်မဲသော ငြင်းခုန်မှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပညတ်တရားကျောန့် ရန်ဖြစ်ခြင်းလို့ဟို ဆှောင်ကြလော့။ ပစာကို့ အေးအရာလို့ဟ အကျိုးမဲ့ယွေ့ အလကားကား ဖြစ်ကြအယ်။
လူဟ စုံစမ်းသွေးဆောင်ခြင်း ခံရတာဆိုတာဟ မိမိရဲ့ ဆိုးညစ်သော လိုအင်ဆန္ဒဆွဲဆောင်ရာဟို လိုက်ပါခြင်း ဖြစ်အယ်။
နင်လို့ တောင်းဆှောက်ယွေ့ မရခြင်းမှာ ရည်ရွယ်လွဲမားလျက် မိမိလို့ စည်းစိမ်ခံစားမှုအတွက် သာရင် တောင်းဆှောက်တတ်သောကျောန့် ဖြစ်အယ်။
နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။
ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊