2 ငါလို့ဆိသမျှဟ ရမ်းဆာ့ မားယွင်း တတ်ကြအယ်။ စသူမဆို စကားပြောခြင်းအရာနှိုက် မားယွင်းခြင်း မဆိရင် အဲသူဟ မိမိကိုယ်ခန္ဓာ တခုလုံးဟိုလည်း ချုပ်တည်းနိန်လဲ့ စုံလင်သောသူ ဖြစ်အယ်။
မြွေပွေးအမျိုးလို့၊ နင်လို့ဟ ဆိုးယုတ်သောသူများဖြစ်လျက် စလို ကောင်းလဲ့စကားဟို ပြောနိန်ကြမလုန်း။ စိတ်နေလုံးနှိုက် ပြည့်လျှံနေလဲ့အရာများဟို နှုတ်ဟ ဖော်ပြတတ်အယ်။
အကျောန်းမှာ နင်လို့ပြောလဲ့ စကားများအားဖြင့် နင်လို့ဟ ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုခံရလိမ့်မယ်။ အားပင်း နင်လို့ပြောလဲ့ စကားများအားဖြင့် အပစ်ဆိအယ်ဟု သတ်မှတ်ခြင်းခံရလိမ့်မယ်” ဟု မိန့်အယ်။
ကျမ်းစာနှိုက်၊ “ဖြောင့်မတ်သောသူ မဆိ၊ တယောက်မှ မဆိ၊
အေးကျောန့် ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆိခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆိအယ်။
ငါဟ သူတပါးလို့အား ပြိုင်ပွဲဝင်ရန် ခေါ်ဖိတ်ခဲ့ပင်းနောက် မိမိတတ်တိုင်း ပြိုင်ပွဲမှ အပယ်မခံရစေရန် ငါရဲ့ ကိုယ်ခန္ဓာဟို ပြင်းပြင်းထန်ထန် ထိုးနှက်လေ့ ဆိအယ်။
အဲလိုလဲ ကမ္ဘာတခုလုံးဟ အပစ်တရားရဲ့ လက်အောက်တွင် ဆိနေတာဟု ကျမ်းစာဟ ပြောအယ်။ အေးလိုမို့ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအပေါ် အခြေခံယွေ့ ကတိပြုထားလဲ့ ဆုကျေးဇူးဟို ယုံကြည်သော သူလို့အား ပေးအယ်။
အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။
အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။
ခရစ်တော် ယေရှုရဲ့ ကျွန်ဖြစ်ယွေ့ နင်လို့အထဲဟ တဦးဖြစ်သော ဧပဖြဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဟ စုံလင်ရင့်ကျက်သူအဖြစ် ရပ်တည်လျက် ဘုရားသခင်ရဲ့ အလိုတော်ဆိသမျှဟို အပြေ့ဝ ဆောင်ရွက်နိန်မဲ့အကျောန်း သူဟ နင်လို့အတွက် အစဉ်အမြဲ ကြိုးစားယွေ့ ဆုတောင်းပေးလျက် ဆိအယ်။
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။
တစုံတယောက်ဟ မိမိကိုယ်ဟို ဘုရားတရား ကြည်ညိုသူဟု ယူဆသော်လည်း မိမိရဲ့ လျှာဟို မထိန်းနိန်ရင် မိမိတတ်တိုင်း လှည့်စားသူဖြစ်အယ်။ သူရဲ့ ဘုရားတရား ကြည်ညိုမှုဟလည်း အလကားကား ဖြစ်အယ်။
နင်လို့ဟ စလိုချို့တဲ့မှု မဆိဘဲ ရင့်ကျက်ယွေ့ ပြေ့စုံသောသူဖြစ်မဲ့အကျောန်း အဲသည်းခံခြင်း စုံလင်လဲ့တိုင်အောန် ပြုစုကြလော့။
ပစာကို့ ပညတ်တရား အလုံးစုံဟို စောင့်ထိန်းသော်လည်း တပါးဟို မားရင် ပညတ်တရား အလုံးစုံဟို ကျူးလွန်ရာ ရောက်အယ်။
အကျောန်းမှာ ကျမ်းစာနှိုက် “အသက်ဆှင်ခြင်းဟို နှစ်သက်ယွေ့၊ ကောင်းသော နေ့ရက်လို့ဟို တွေ့မျော်လိုသောသူဟ မိမိလျှာဟို ချုပ်တည်းယွေ့ မကောင်းသော စကားနဲ့ ကင်းလွတ်စေ၊ မိမိစလောင်ဟိုလည်း ချုပ်တည်းယွေ့ ဝါမပြောမိစေနဲ့။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။