18 ကိုယ်တော်ဟ မိမိဖန်ဆင်းသောအရာလို့တွင် ငါလို့ဟို အဦးသီးသဖွယ် ဖြစ်စေရန် အလိုတော်ဆိလဲ့အတိုင်း သမ္မာတရားနဲ့ဆိုင်သော နှုတ်ကပတ်တော်အားဖြင့် ငါလို့ဟို ဖြစ်ပွားစေအယ်။
သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟာဟ လူသား အဖတဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင် တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။
ကျမ်းစာလာတာဟ “ငါသည် နင်လို့ ရမ်းဆာ့များလဲ့ လူမျိုးလို့ရဲ့ အဖ ဖြစ်စေပီ။” အဲလိုမို့ အာဗြံဟံဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသော ဘုရား၊ မတည်ဆိလဲ့အရာများဟို တည်ဆိလာစေရန် အမိန့်ပေးနိန်လဲ့ ဘုရားသခင်ရဲ့ ဆေ့နှိုက် ငါလို့အားလုံးရဲ့ အဖ ဖြစ်အယ်။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
သမ္မာတရားဟို ဟောပြောခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို ဟောပြောခြင်းအားဖြင့်လည်း ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများအဖြစ် ငါလို့တတ်တိုင်း ပြသခဲ့အယ်။ ငါလို့တွင် ဖြောင့်မတ်ခြင်းတရားဟ ငါလို့ရဲ့ လက်နက်အဖြစ်၊ တိုက်ခိုက်ရန်နဲ့ မိမိတတ်တိုင်း ကာကွယ်ရန် ဖြစ်အယ်။
အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။
မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။
နင်ဟ ဘုရားသခင်ဆေ့နှိုက် ယုံကြည်စိတ်ချရသူ တည်းဟူသော သမ္မာတရားရဲ့ နှုတ်ကပတ်တော်ဟို မန်ကန်စွာ ပိုင်းခြားတတ်လဲ့ ဆှက်ကြောက်စရာ မဆိသောသူအဖြစ် မိမိတတ်တိုင်း ဆက်သနိန်ရန် ကြိုးစားလော့။
ခေါန်းခင်ဘုံ စာရင်းဝင်သော သားဦးလို့ရဲ့ အသင်းတော်ဟို လည်းကောင်း၊ လူအပေါင်းလို့ဟို တရားစီရင်သော ဘုရားသခင်ဆေဟို လည်းကောင်း၊ စုံလင်ခြင်းဟို ရောက်လဲ့ ဖြောင့်မတ်သောသူလို့ရဲ့ ဝိညာဉ်များဆေဟို လည်းကောင်း၊
အဲအခါ တပ်မက်ခြင်းဟ သန္ဓေတည်ယွေ့ အပစ်ဟို ဖွားမျော်ပင်း အပစ်ဟ ကြီးထွားလာသောအခါ သေခြင်းဟို ဖွားမျော်အယ်။
အဲလိုမို့ နင်လို့ဟ ညစ်ညမ်းလဲ့ အလေ့အထနဲ့ ဆိုးယုတ်လဲ့ အကျင့်မန်သမျှလို့ဟို ပယ်ဆှားကြလော့။ နင်လို့ရဲ့ စိတ်အတွင်းနှိုက် ဘုရားသခင် သွင်းပေးသော တရားတော်ဟ နင်လို့ဟို ကယ်တင်နိန်အယ်။ တရားတော်ဟို သိမ့်မွေ့စွာ ခံယူကြလော့။
အားပေမဲ့ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် ခါးသီးသော မနာလိုခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းများ ဆိရင် သမ္မာတရားဟို ဆန့်ကျင်ယွေ့ ဝါကြွားခြင်း၊ လိမ်ညာခြင်းလို့ဟို မပြုကြနဲ့။
အကျောန်းမှာ နင်လို့ဟ ပျက်စီးတတ်သော မျိုးစေ့အားဖြင့် မဟုတ်ဘဲ ပျက်စီးခြင်းနဲ့ လွတ်လဲ့ မျိုးစေ့တည်းဟူသော အသက်ဆှင်ယွေ့ အမြဲတည်လဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အားဖြင့် အသစ်တဖန် မွေးဖွားစေခြင်းဟို ခံရကြပီ။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊
ဘုရားသခင် ဖြစ်ပွားစေသော လူပဲ့သငယ်ဖြစ်လာသူဟ အပစ်ဟို မပြုတတ်။ ပစာကို့ အဲသူနှိုက် ဘုရားသခင်ရဲ့ ဇာတိသဘောပါဆိသောကျောန့် ဖြစ်အယ်။ သူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သဖြင့် အပစ်ဟို ဆက်ယွေ့ မပြုနိန်။
အဲသူလို့ဟ မိန်းမများအားဖြင့် ညစ်ညူးစေခြင်း မခံခဲ့သောသူများ ဖြစ်ကြအယ်။ အကျောန်းမှာ သူလို့ဟ လူပျိုစစ်စစ် ဖြစ်ကြအယ်။ သူလို့ဟ သိုးသငယ် သွားလေရာဟို လိုက်ပါသောသူများ ဖြစ်ကြပင်း ဘုရားသခင်နဲ့ သိုးသငယ်လို့အတွက် အဦးသီးအဖြစ် လူလို့အထဲမှ ရွေးနုတ်ခံရသောသူများ ဖြစ်ကြအယ်။