Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဟေဗြဲ 8:6 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

6 အားပေမဲ့ ဘုရားနဲ့ လူအကြားတွင် ယေရှု စီစဉ်ပေးအပ်လဲ့ ပဋိညာဉ်တရားဟ ပိုယွေ့ မြတ်သော ကတိတော်များအပေါ်တွင် အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက် ပိုမိုမြတ်သလို ယေရှု ထမ်းဆောင်ရလဲ့ ယဇ်ပုရောဟိတ် တာဝန်ဟလည်း အဲယဇ်ပုရောဟိတ်လို့ရဲ့ တာဝန်များထက် ရမ်းဆာ့ ကြီးမြတ်အယ်။

Faic an caibideil Dèan lethbhreac




ဟေဗြဲ 8:6
13 Iomraidhean Croise  

အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ “ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။


အေးသူလို့ဟ ဣသရေလူဖြစ်ပင်း ကိုယ်တော်ဟ သူလို့အား လူပဲ့သငယ်များအဖြစ် မွေးစားယွေ့ မိမိရဲ့ ဘုန်းတော်ဟို ဖူးမြော်ခွင့်ပေးအယ်။ ကိုယ်တော်ဟ သူလို့နဲ့ ပဋိညာဉ်များပြုလုပ်ပင်း သူလို့လည်း ပညတ်တော်ဟို ပေးအယ်။ သူလို့ဟလည်း မန်ကန်သော ဝတ်ပြုကိုးကွယ်နည်းနဲ့ ဘုရားသခင်ရဲ့ ကတိတော်များဟို ခံယူရဆိအယ်။


အေးအချိန်တွင် နင်ဟ ခရစ်တော်နဲ့ ကွဲကွာနေခဲ့ကြအယ်။ ဣသရေလနိုင်ငံသား ဖြစ်ခွင့်မှ ဖယ်ထုတ်ထားသော ကတိတော်ရဲ့ ပဋိညာဉ်များတွင် နိုင်ငံခြားသားများနဲ့ မသက်ဆိုင်၊ ဟေလောကနှိုက် မျှော်လင့်ခြင်း မဆိ၊ ဘုရားမဲ့လျက် နေခဲ့ကြအယ်။


အကျောန်းမှာ ဘုရားသခင် တပါးတည်းဆိယွေ့ ဘုရားသခင်နဲ့ လူလို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တပါးတည်း ဆိအယ်၊ အဲသူဟ လူဖြစ်သော ခရစ်တော် ယေရှု ဖြစ်အယ်၊


ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊


ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ယေရှုဆေဟို လည်းကောင်း၊ အာဗေလရဲ့ သွေးထက် သာယွေ့ မြတ်သောအရာဟို မြွတ်ဆိုလဲ့ ပက်ဖျန်းသော အသွေးဆေဟို လည်းကောင်း ချဉ်းကပ်ကြအယ်။


ဟေလိုဖြင့် ယေရှုဟ သာယွေ့ မြတ်သော ပဋိညာဉ်တရားရဲ့ အာမခံ ဖြစ်အယ်။


အေးနည်းအားဖြင့် ကတိထားသော ရမ်းဆာ့ကြီးယွေ့ အဖိုးထိုက်လဲ့ ဆုကျေးဇူးများဟို ကိုယ်တော်ဟ ငါလို့အား ပေးအယ်။ အေးလို့ ဆုကျေးဇူးအားဖြင့် ဟေလောကတွင် ဖောက်ပြန်ပျက်စီးတတ်သော လောကီတပ်မက်ခြင်း အညစ်အကြေးမှ လွတ်မြောက်နိန်ကြလျက် ဘုရားဇာတိတွင် ပါဝင်စေရန် ဖြစ်အယ်။


Lean sinn:

Sanasan


Sanasan