Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဟေဗြဲ 8:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 ယဇ်ပုရောဟိတ်များ ပြုသောအမှုအရာများဟ ခေါန်းခင်ဘုံဆိ အမှုအရာများရဲ့ ပုံတူနဲ့ အရိပ်အရောင်မျှသာ ဖြစ်အယ်။ မောရှေ ပြုခဲ့လဲ့အမှုအရာများဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်။ ပစာကို့ သူဟ ပဋိညာဉ် တဲတော်ဟို တည်ဆောက်မယ် ပြုသောအခါ ဘုရားသခင်ဟ “တောင်ပေါ်တွင် နင့်အား ငါပြခဲ့လဲ့ ပုံစံနဲ့အညီ အလုံးစုံလို့ဟို ပြုလုပ်ရန် သတိမမေ့နဲ့” ဟု ညွှန်ကြားခဲ့သောကျောန့် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ဟေဗြဲ 8:5
18 Iomraidhean Croise  

အေးနောက်မှ ဟေရုဒ်မင်းကြီး ဆေဟို မပြန်ရမဲ့အကျောန်း အိမ်မက်တွင် ဘုရားသခင် သတိပေးယွေ့ မိမိလို့ ပြေဟို တခြားလမ်းဖြင့် ပြန်သွား ကြအယ်။


“ငါလို့ရဲ့ ဖိုးဖေးများအတွက် တောကန္တာရတွင် သက်သေခံ တဲတော် ဆိအယ်။ ၎င်းဟ မောရှေအား သူမျော်ရလဲ့ပုံစံနဲ့ အညီပြုလုပ်ရန် မြွတ်ဆိုသော အဆှင်ဟ မှာကြားလဲ့အတိုင်း ပြုလုပ်ထားသော တဲတော် ဖြစ်အယ်။


အဲအရာလို့ဟ ဖြစ်လာမဲ့အရာများရဲ့ အရိပ်မျှသာ ဖြစ်ကြပင်း အစစ်မှာ ခရစ်တော် ဖြစ်အယ်။


ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊


နောဧဟ မမျော်ရသေးသောအရာများနဲ့ ပတ်သက်ယွေ့ ဗျာဒိတ်တော်ရသောခါ ကြောက်ရွံ့ရိုသေသောစိတ် ဆိယွေ့ မိမိအိုင်သူအိုင်သားလို့ ကယ်တင်ခြင်း ခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောဟို တည်ဆောက်အယ်။ အေးယုံကြည်ခြင်းအားဖြင့် သူဟ လောကရဲ့ အပစ်ဟို ထင်ဆှားစေယွေ့ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဟို အမွေဆက်ခံသူ ဖြစ်လာအယ်။


အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။


ငါလို့တွင် ယဇ်ပလ္လင်တခု ဆိအယ်။ တဲတော်ဝတ်ဟို ပြုသောသူလို့ဟ အဲယဇ်ပလ္လင်ပေါ်မှ ပူဇော်သကာဟို စားခွင့် မဆိ။


အဲတဲတော်ဟ ဟေမျက်မှောက်ကာလအတွက် ပုံဥပမာ ဖြစ်ယွေ့ ပူဇော်သကာနဲ့ ယဇ်လို့ဟ ဝတ်ပြုသူရဲ့ စိတ်နေလုံးဟို မစုံလင်စေနိန်ကျောန်း ဖော်ပြအယ်။


အဲပင်းရင် ငါကျေ့လိုက်ရာ ခေါန်းခင်နှိုက် ဆိသော သက်သေခံချက် တဲတော်တည်ရာ ဗိမာန်တော်ဟ ဖွင့်ထားပီ။


Lean sinn:

Sanasan


Sanasan