11 အဲကျောန့် သူလို့ရဲ့ မနာခံမှု ပုံစံဟို လိုက်ယွေ့ ပြိုလဲမဲ့သူ စသူမျှ မဆိစေဘဲ အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်နိန်မဲ့အကျောန်း ငါလို့ ကြိုးစားကြစို့။
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှ ခနေ့တိုင်အောန်၊ ခေါန်းခင်နိုင်ငံတော်ဟ အကြမ်းဖက်လို့ရဲ့ တိုက်ခိုက်မှုဟို ခံရအယ်၊ အားပင်း အကြမ်းဖက်သမားလို့ဟ အဲနိုင်ငံဟို သိမ်းယူရန် ကြိုးစားကြအယ်။
“ကျဉ်းမြောင်းသော ထင်ခါးဟို ဝင်ကြလော့။ အကျောန်းမှာ ပျက်စီးခြင်းဟို ရောက်သော ထင်ခါးဟ ကျယ်ဝန်းယွေ့ လမ်းဟ ပြန့်ပြူးပင်း၊ အဲလမ်းဟို ဝင်သောသူလို့လည်း များကြအယ်။
“ကျဉ်းသော ထင်ခါးပေါက်ဟို ဝင်ရဖို့ နင်လို့ အကောင်းဆုံး ကြိုးစားကြလော့၊ ပစာကို့ လူများစွာဟ ကြိုးစားကြလိမ့်မယ်၊ အဲလိုလဲ ဝင်နိန်ကြဝူးလို့ နင်လို့အား ငါ ပြောအယ်။
“နှစ်ခြင်း ယောဟန် ပေါ်လာလဲ့အချိန်အထိ မောရှေရဲ့ ပညတ္တိကျမ်းနဲ့ ပရောဖက်ကျမ်းများ အာဏာတည်လျက်ဆိအယ်။ ယောဟန်ပေါ်ပင်းချိန်မှစယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောလျက်ဆိယွေ့ လူများလို့ဟလည်း နိုင်ငံတော်ဟို အနိုင်အထက်နဲ့ ဝင်ကြအယ်။
ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။
“အေးကျောန့် အဂြိပ္ပဘုရင်ဟ၊ ငါ ခေါန်းခင်မှ ရဆိလဲ့ ရူပါရုံဟို မနာခံခဲ့ပါ။
အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။
အဲအမှုများကျောန့် ဘုရားသခင်ရဲ့ အမျက်တော်ဟ နာခံမှု မဆိသော သူလို့အပေါ်သို့ သက်ရောက်လာလိမ့်မယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
ညီအကို မောင်နှမလို့၊ နင်လို့တွင် မယုံကြည်တတ်သော ဆိုးညစ်လဲ့ စိတ်နေလုံး ဆိသဖြင့် အသက်ဆှင်သော ဘုရားသခင်ဆေမှ ထွက်ခွာသွားမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
“သူလို့ဟ ငြိမ်ဝပ်ရာ ချမ်းသာရဆိစေရန် ပြေတော်ဝင်ခွင့်ဟို ပစာအခါမျှ ငါ ပေးလိမ့်မယ် မဟုတ်” ဟု စသူလို့ဟို ရည်ညွှန်းယွေ့ ဘုရားသခင် ကျိန်ဆိုတာလုန်း၊ ကိုယ်တော်ရဲ့ စကားဟို နားမထောင်သူများဟို ရည်ညွှန်းခြင်း မဟုတ်လော။
အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်ရသောအခွင့်ဟို အချို့သောသူလို့အတွက် ဆိသေးအယ်၊ သတင်းကောင်းဟို ဦးရင် ကြားရသောသူလို့ဟ မနာခံမှုကျောန့် မဝင်ရကြပီ။
နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။
သောဒုံနဲ့ ဂေါမောရမြို့လို့ဟို ပစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်ဟို ပျက်စီးစေကာ ဘုရားတရားမဲ့ဖြစ်လာမယ့် လူလို့အတွက် နမူနာ ဖြစ်စေအယ်။