1 အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊
အေးလိုမို့ ဘုရားသခင်ဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်စေရန် နောင်တရယွေ့ ပြောင်းလဲကြလော့။ အဲလိုဖြစ်ခါမှသာ၊
အဲဒီအရာဟ အမန်ဖြစ်အယ်၊ သူလို့ မယုံကြည်ကြသောကျောန့် သူလို့ဟို ချိုးဖဲ့ ခံရပင်း နင်လို့ ယုံကြည်သောကျောန့် နင်နေရာတွင် တည်အယ်၊ ဒါပေမဲ့ အဲဒီအရာအတွက် မာနမထောင်လွှားပါနဲ့၊ အဲအစား ကြောက်ခြင်းစိတ် ဆိလော့။
လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။
အဲကျောန့် နင်လို့ဟ မိမိတည်ကြည်လျက် နေတာဟု မိမိထင်မှတ်အယ်။ အဲသူဟ မလဲစေခြင်းငှာ သတိပြုစေ။
ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။
ငါလို့ဟ သစ္စာမဆိရင်လည်း ကိုယ်တော်ရဲ့ သစ္စာတော်ဟ တည်မြဲအယ်၊ ပစာကို့ ကိုယ်တော်ဟ မိမိတတ်တိုင်းဟို မငြင်းပယ်နိန်သောကျောန့် ဖြစ်အယ်။”
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။
အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နင်လို့အား ဟောပြောခဲ့လဲ့ နင်လို့ရဲ့ ခေါင်းဆောင်များဟို သတိရကြလော့။ သူလို့ရဲ့ အသက်ဆှင် နေထိန်မှုမှ ပေါ်ထွက်လာလဲ့ အကျိုးတရားဟို ကျေ့ရှုဆင်ခြင်လျက် သူလို့ရဲ့ ယုံကြည်ခြင်းဟို အတုယူကြလော့။
ငါဟ အမျက်ထွက်သဖြင့် “သူလို့ဟ ပစာအခါမျှ ငြိမ်ဝပ်ရာ ချမ်းသာဟို ခံစားရန် ပြေတော်ဟို ဝင်ကြရလိမ့်မယ် မဟုတ်” ဟု ငါ ကျိန်ဆိုခဲ့အယ်။
အဲကျောန့် သူလို့ရဲ့ မနာခံမှု ပုံစံဟို လိုက်ယွေ့ ပြိုလဲမဲ့သူ စသူမျှ မဆိစေဘဲ အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်နိန်မဲ့အကျောန်း ငါလို့ ကြိုးစားကြစို့။
အဲလိုမို့ သတ္တမနေ့နှိုက် ဘုရားသခင် ငြိမ်ဝပ်စွာ နေသလို ဘုရားသခင်ရဲ့ လူမျိုးနွယ်အတွက် ငြိမ်ဝပ်စွာ နေရန် နေ့ရက်တရက် ဆိသေးအယ်။