Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဟေဗြဲ 3:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။

Faic an caibideil Dèan lethbhreac




ဟေဗြဲ 3:1
63 Iomraidhean Croise  

ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။


တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆိစေမန့်။ ခမည်းတော်ဟ ငါ့ဟို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။


အဲပင်းရင် သောမအား “နင့်လက်ညှိုးဖြင့် ငါ့လက်များဟို တို့ကျေ့လော့၊ နင်ရဲ့လက်ဟို ဆန့်ယွေ့ ငါ့နံဘေးဟို စမ်းသပ်လော့။ ယုံမားခြင်း မဆိစေနဲ့၊ ယုံကြည်လော့” ဟု မိန့်အယ်။


ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊


အဲလိုလဲ အကိုင်းအခက် တချို့လို့ဟ ခုတ်ဖြတ်ခြင်း ခံရယွေ့ သံလွင်ပင်ရိုင်းဖြစ်သော နင်လို့ဟ အေးအကိုင်းအခက်များကြားနှိုက် ကိုင်းဆက်ကူးခံရပင်း သံလွင်ပင် အမြစ်မှ အဆီအနှစ်ဟို မျှဝေခံစားသူဖြစ်လာရင်၊


အဲဆုံးဖြတ်ချက်မှာ မိမိလို့ စေတနာအလျောက်သာ ဖြစ်အယ်၊ အမန်အားဖြင့်ဆိုသော် အေးဆင်းရဲသော သူလို့အား ကူညီမစရန် သူလို့မှာ တာဝန်ဆိအယ်။ ယုဒအမျိုးသားလို့ဟ မိမိလို့ ခံစားရလဲ့ ဝိညာဉ်ဆုကျေးဇူးများဟို လူမျိုးခြားလို့အား ဝေငှကြအယ်ဖြစ်ရာ လူမျိုးခြားလို့ဟလည်း ယုဒအမျိုးသားလို့အား စားဝတ်နေရေး ကိစ္စတွင် အကူအညီ ပေးသင့်ကြပေအယ်။


ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါ့အသက်တာ အစေခံခြင်းဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာလို့ ငါဆိုအယ်။


အကျောန်းမှာ ငါလို့ဟ ကိုယ်တော်ခေါ်တဲ့ လူများ ဖြစ်ကြအယ်။ ယုဒလူမျိုးများထဲမှ သာမက လူမျိုးခြားအထဲမှလည်း ခေါ်ယူအယ်။


ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။


ပစာကို့ မုန့်တလုံးတည်း ဆိတာ ဖြစ်ယွေ့ အဲမုန့်တလုံးတည်းဟို ဆက်ဆံ သုံးဆောင်ကြသောကျောန့် ငါလို့ဟ အရေအတွက်အားဖြင့် များသော်လည်း တကိုယ်တည်း ဖြစ်ကြအယ်။


နင်လို့နဲ့အတူ သတင်းကောင်းရဲ့ ကောင်းကြီးမင်္ဂလာများဟို ဝေမျှနိန်ရန် ငါဟ သတင်းကောင်းအကျိုးငှာ ဟေအမှုခပ်သိမ်းဟို ပြုခြင်းဖြစ်အယ်။


အဲလိုမို့ နင်လို့အတွက် မယိမ်းယိုင်သော မျော်လင့်ခြင်း ငါလို့နှိုက် ဆိအယ်။ နင်လို့ဟ ငါလို့ ခံရလဲ့ ဆင်းရဲဒုက္ခမျိုးဟို ခံရလဲ့နည်းတူ ငါလို့ ရဆိလဲ့ နှစ်သိမ့်မှုမျိုးဟိုလည်း ရဆိကျောန်း ငါလို့ သိကြအယ်။


သူလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ဝန်ခံခြင်းအားဖြင့် ဖြစ်လာလဲ့ နင်လို့ရဲ့ နာခံမှုဟို လည်းကောင်း၊ သူလို့မှစယွေ့ လူအပေါင်းလို့အား နင်လို့ ရက်ရောစွာ ပေးကမ်းဝေမျှသောအမှုဟို လည်းကောင်း ထောက်ယွေ့ ဟေကူညီထောက်ပံ့ခြင်းအမှုနှိုက် ထင်ဆှားသော သက်သေအတွက် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ချီးမွန်းကြလိမ့်မယ်။


လျှို့ဝှက်ချက်မှာ ဧဝံဂေလိတရားအားဖြင့် လူမျိုးခြားများဟ ယုဒလူမျိုးများနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးများဟို ခံစားခွင့်ဆိအယ်။ သူလို့ဟ ကိုယ်ခန္ဓာတခုတည်းနှိုက် ပါဝင်သူများဖြစ်ကြပင်း ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးခဲ့သော ကတိတော်နှိုက် ပါဝင်ကြအယ်။


အေးကျောန့် သခင်ဘုရားအတွက် အကျဉ်းသားတဦးအနေနဲ့၊ နင်လက်ခံရဆိထားသော ခေါ်ခြင်းနဲ့ ထိုက်တန်သော အသက်တာဖြင့် နေထိန်ရန် နင်လို့ဟို ငါ တိုက်တွန်းပါအယ်။


နင်လို့ဟို ခေါ်စဉ်တွင် မျော်လင့်ခြင်းသို့ ခေါ်ဆောင်ခြင်းခံရသလိုမျိုး ကိုယ်ခန္ဓာတပါးတည်းနဲ့ ဝိညာဉ်တော်တပါးတည်း ဆိအယ်။


အဲလိုမို့ ခရစ်တော် ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင် ခေါ်ယူယွေ့ ပေးမဲ့ဆုဟို ရဆိရန် ပန်းတိုင်သို့ ကြိုးစားယွေ့ ငါပြေးအယ်။


အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။


အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။


ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။


ဟေစာဟို ညီအကို အားလုံး ဆေ့နှိုက် ဖတ်ကြားရန် သခင်ဘုရားနှိုက် နင်လို့ဟို အလေးအနက် ငါအမိန့်ပေးအယ်။


အေးကျောန့် ငါလို့ဟ နင်လို့အတွက် အမြဲဆုတောင်းပေးအယ်။ ငါလို့ရဲ့ ဘုရားသခင်ဟ နင်လို့အား အသက်ဆှင်ရန် ခေါ်လဲ့ အသက်နဲ့ ထိုက်တန်စေရန် ငါလို့ တောင်းဆိုအယ်။ ကိုယ်တော်ဟ နင်လို့ရဲ့ ကောင်းမြတ်သော အမှုဟို ပြုချင်သော စေတနာစိတ်ဆိသမျှနဲ့ ယုံကြည်ခြင်းနဲ့ဆိုင်သော လုပ်ဆောင်သော အမှုလို့ဟို တန်ခိုးတော်အားဖြင့် နင်လို့နှိုက် ပြေ့စုံပါစေသော။


ငါလို့ ဟောပြောသော ဧဝံဂေလိတရားအားဖြင့် ဘုရားသခင်ဟ နင်လို့ဟို ခေါ်ယွေ့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ဘုန်းအသရေဟို နင်လို့ ရဆိစေရန်အတွက် ဖြစ်အယ်။


ယုံကြည်ခြင်းနဲ့ဆိုင်လဲ့ ကောင်းသောတိုက်ပွဲဟို တိုက်ယွေ့ ထာဝရ အသက်ဟို ရယူပိုင်ဆိုင်လော့၊ နင်ဟ အဲအသက်အတွက် ခေါ်ယူခြင်းဟို ခံရယွေ့ ရမ်းဆာ့သော သက်သေလို့ဆေ့တွင် ကောင်းသော ဝန်ခံချက်ဟို ပေးလေပီ။


မိမိလို့ သခင်ဟ ယုံကြည်သူဖြစ်ရင် သခင်ဟ ညီအကိုဖြစ်တာဟု ဆိုလျက် မထီမဲ့မြင် မပြုဘဲ သာယွေ့ ကောင်းစွာ အစေခံကြမန့်၊ ပစာကို့ ကောင်းသောအစေခံရဲ့ အကျိုးဟို ခံစားရသော သခင်ဟ ယုံကြည်သူ ဖြစ်ပင်း မိမိချစ်သောသူလည်း ဖြစ်အယ်။ နင်ဟ ဟေအရာများဟို သွန်သင်ယွေ့ တိုက်တွန်းနှိုးဆော်လော့။


ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊


ငါပြောဆိုသောအရာဟို ဆင်ခြင်လော့၊ ပစာကို့ အဲအရာဟို နားလည်စေရန် သခင်ဘုရားဟ နင့်အား ကူညီလိမ့်မယ်။


အဲလိုမို့ ညီအကို မောင်နှမလို့၊ ယေရှုရဲ့ အသွေးတော်အားဖြင့် ရမ်းဆာ့ အသန့်ဆှင်းဆုံး ဌာနထဲဟို ယုံကြည်စိတ်ချစွာဖြင့် ဝင်ခွင့်ဆိအယ်။


ငါလို့နှိုက် ဘုရားသခင်ရဲ့ အိုင်တော်ဟို အုပ်စိုးလဲ့ ကြီးမြတ်သော ယဇ်ပုရောဟိတ် ဆိတာဖြစ်ယွေ့


ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်ဟို စိတ်ချယုံကြည်နိန်တာ ဖြစ်ယွေ့ မိမိလို့ ဝန်ခံသော မျော်လင့်ခြင်းဟို စွဲကိုင်ထားကြစို့။


ညီအကို မောင်နှမလို့၊ ဟေအားပေး တိုက်တွန်းချက်ဟို သည်းခံလျက် နာယူကြရန် နင်လို့အား ငါ တောင်းပန်အယ်၊ အခု နင်လို့ဆေ ငါ ရေးလိုက်သောစာဟ ရမ်းဆာ့ မဆှည်မန့်။


ယေရှုဟ သူလို့အား အပစ်များမှ သန့်စင်စေအယ်၊ ကိုယ်တော်နဲ့ ကိုယ်တော် သန့်ဆှင်းစေသော သူလို့တွင် အဘတဦးတည်းဆိသဖြင့် ကိုယ်တော်ဟ အဲသူလို့အား မိမိရဲ့ ညီအကို မောင်နှမများဟု ခေါ်ဆိုရန် ဆှက်တော်မမူ။


အဲကျောန့် ကိုယ်တော်ဟ လူလို့ရဲ့ အပစ်များအတွက် အသနားခံခြင်းအမှုဟို ပြုရန် ဘုရားသခင်ဆေ့နှိုက် သနားကြင်နာတတ်လဲ့ သစ္စာဆိသော ယဇ်ပုရောဟိတ်မင်းဖြစ်မဲ့ အကျောန်းအရာရာနှိုက် ညီအကို မောင်နှမများနဲ့ တူရအယ်။


ညီအကို မောင်နှမလို့၊ နင်လို့တွင် မယုံကြည်တတ်သော ဆိုးညစ်လဲ့ စိတ်နေလုံး ဆိသဖြင့် အသက်ဆှင်သော ဘုရားသခင်ဆေမှ ထွက်ခွာသွားမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။


ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။


ယေရှုဟ မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူတူသော ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်လာပင်း အဲကန့်လန့်ကာအတွင်းဟို ဆေ့ဆောင် လမ်းခင်းပေးသူအဖြစ် ငါလို့ ကိုယ်စားဝင်အယ်။


အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။


မောရှေရဲ့ ပညတ်တရားဟ အားနည်းယွေ့ မစုံလင်သော လူသားလို့ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားအယ်၊ အားပေမဲ့ ပညတ်တရား ပေါ်ပေါက်ပင်းလဲ့ နောက်ပိုင်း ထာဝရ ကာလပတ်လုံး စုံလင်သော သားတော်ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုချက်ဖြင့် ခန့်ထားအယ်။


အားပေမဲ့ ခရစ်တော်ဟ ရောက်ဆိလာပင်းနောက် ကောင်းသောအရာများနဲ့ ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာပီ။ ကိုယ်တော်အမှုတော်ဆောင်ရာ တဲတော်ဟ ပိုယွေ့ ကြီးမြတ်ပင်း ပီးပြေ့စုံအယ်၊ အဲတဲတော်ဟ လူ့လက်ဖြင့် တည်ဆောက်တာ မဟုတ်၊ ဟေဖန်ဆင်းခံ လောကနဲ့ မဆိုင်။


အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။


အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။


မခင်ဟ ဘုရားသခင်ဟို မျော်လင့်အားထားသော သန့်ဆှင်းလဲ့ မိန်းမလို့ဟ မိမိလို့ရဲ့ ဖိုးအိုများရဲ့ စကားဟို နားထောင်ခြင်းဖြင့် လှပအောန် တန်ဆာဆင်ကြအယ်။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံ၊ ယာကုပ်ရဲ့ ညီ ငါယုဒဟ — အဖဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟို ခံစားရယွေ့ ယေရှု ခရစ်တော်ရဲ့ စောင့်ဆှောက်မှု အောက်နှိုက် ဆိသော ခေါ်ယူခြင်း ခံရသူလို့ ဆေဟို စာရေးလိုက်အယ်။


သူလို့ဟ သိုးသငယ်ဟို စစ်တိုက်ယွေ့ သိုးသငယ်ဟ နိန်လိမ့်မယ်။ အကျောန်းမှာ သိုးသငယ်ဟ သခင်လို့ရဲ့ သခင်၊ ဘုရင်လို့ရဲ့ ဘုရင် ဖြစ်အယ်။ ကိုယ်တော်နဲ့အတူ ဆိသော သူလို့ဟလည်း ခေါ်သောသူ၊ ရွေးချယ်သောသူ၊ သစ္စာဆိသောသူ ဖြစ်ကြအယ်။


ခေါန်းခင်မှစယွေ့ သန့်ဆှင်းသူများ၊ တမန်တော်များနဲ့ ပရောဖက်များလို့ အဲမြို့ရဲ့ အဖြစ်ကျောန့် ပျော်ရွှင်ကြလော့။ အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ဘက်နှိုက် နေယွေ့ အဲမြို့အပေါ် ပစ်ဒဏ်စီရင်ခြင်းဟို သက်ရောက်စေပီ။


Lean sinn:

Sanasan


Sanasan