4 ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။
တဘဲ့တော်လို့ဟ အရပ်ရပ်သို့ သွားယွေ့ တရားဟောသဖြင့်၊ သခင်ဘုရားဟ သူလို့နဲ့အတူ လုပ်ဆောင်ပင်း အံ့ဖွယ်သောအမှုများဖြင့် သူလို့ရဲ့ ဟောပြောခြင်း မန်ကန်ကျောန်း သက်သေပြခဲ့အယ်။] [
ယေရှုရဲ့ ဂုဏ်သတင်းဟ နေရာတိုင်း ပျံ့နှံ့လာသောကျောန့် ဟေရုဒ်မင်းကြီးဟ အဲကျောန်းအားလုံးဟို ကြားလေအယ်။ လူအချို့လို့ဟ “နှစ်ခြင်းဆရာ ယောဟန် အသက်ပြန်ဆှင်လာအယ်၊ အေးလို့မို့ သူနှိုက် တန်ခိုးနိမိတ်လက္ခဏာများ ပြဖို့အတွက် အဲလိုမျိုး ဆိနေအယ်” ဟု ဆိုကြအယ်။
“ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီမစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။
ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့ဟို မမျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။
တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။
နာဇရက်မြို့သား ယေရှု ခရစ်ရဲ့ နာမတော် တန်ခိုးအားဖြင့် အဲသူဟ ခြေသန်စွမ်းလာယွေ့ နင်လို့ ဆေ့တွင် ရပ်လျက်နေတာဟို နင်လို့နဲ့အတူ ဣသရေလအမျိုးသားအပေါင်းလို့ သိမှတ်ကြလော့၊ အဲအဆှင်ဟ နင်လို့ လက်ဝါးကပ်တိုင်မှာ တင်ယွေ့ သတ်ပင်းနောက် ဘုရားသခင် ဆှင်ပြန်ထမြောက်စေသောသူ ဖြစ်အယ်။
ဟေအမှုအရာများနဲ့ ပတ်သက်ယွေ့ ငါလို့ဟ အသိသက်သေ ဖြစ်ကြအယ်။ ဘုရားသခင်ရဲ့ အမိန့်ဟို နာခံသူလို့အား ချပေးလဲ့ ဆုကျေးဇူးတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း အသိသက်သေ ဖြစ်အယ်” ဟု ပြန်ယွေ့ ဖြေအယ်။
ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ငါလို့ဟို သူရဲ့ လူပဲ့သငယ်များ ဖြစ်စေရန် ဆုံးဖြတ်ထားပင်း၊ အေးစာဟ သူရဲ့အလိုတော်နဲ့ ရည်ရွယ်ချက် ဖြစ်အယ်။
ဘုရားသခင်ဟ သူရည်ရွယ်ထားလဲ့အတိုင်း လုပ်ဆောင်ခဲ့ပင်း ခရစ်တော်အားဖြင့် ပီးမြောက်ရန် သူဆုံးဖြတ်ထားပီးသော လျှို့ဝှက်အစီအစဉ်ဟို ငါလို့အား အသိပေးခဲ့အယ်။
အဲလိုလဲ ငါလို့တဦးတယောက်ဟ ခရစ်တော်ပေးသော ကောင်းချီးလက်ဆောင်ရဲ့ ပမာဏအတိုင်း ကျေးဇူးတော်ဟို ခံစားရကြအယ်။
မိမိယုံကြည်ခြင်းဟို စွန့်သူလို့အား နောက်တဖန် စလို နောင်တရစေနိန်မလုန်း။ အရင်ဟ အဲသူလို့သည် ဘုရားသခင်ရဲ့ အလင်းတွင် ကျင်လည်ယွေ့ ခေါန်းခင် ဆုကျေးဇူးဟို မြည်းစမ်းရပင်းရင် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူခဲ့ကြပီ၊