8 ယေရှု ခရစ်တော်ဟ မနေ့၊ ခနေ့နဲ့ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မဆိ။
အကျောန်းမှာ ငါမှစယွေ့ သိလွာနုနဲ့ တိမောသေလို့ဟ နင်လို့ထဲတွင် ဟောပြောခဲ့သော ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု မဆိဘဲ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟုသာ ဆိအယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ကတိတော် ဆိသမျှလို့ဟ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟု ဖြစ်ကြအယ်။ အဲလိုမို့ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေတော် ထင်ဆှားမဲ့အကျောန်း ငါလို့ဟ “အာမင်” ဟု ကိုယ်တော်အားဖြင့် ဆိုကြအယ်။
ကိုယ်တော်ဟ ဝတ်လုံအင်္ကျီဟို လိပ်သလို အဲအရာများဟို လိပ်လိမ့်မယ်၊ အဲအရာများဟ အဝတ်အထည်များလို ပြောင်းလဲလိမ့်မယ်။ အားပေမဲ့ ကိုယ်တော်ဟ ပြောင်းလဲတော်မမူ၊ အသက်တော်ဟ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
ကောင်းမြတ်စုံလင်သော ဆုကျေးဇူးမန်သမျှဟ ခေါန်းခင်မှ လည်းကောင်း၊ ခေါန်းခင် အလင်းတန်ဆာများဟို ဖန်ဆင်းသော ဘုရားသခင်ရဲ့ ဆေမှ လည်းကောင်း သက်ဆင်းယွေ့ လာအယ်။ ကိုယ်တော်ဟ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိ၊ ပြောင်းလဲခြင်း အရိပ်နဲ့ ကင်းလွတ်အယ်။
ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊
“ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။