12 အဲကျောန့် ယေရှုဟလည်း မိမိရဲ့ အသွေးအားဖြင့် လူလို့ဟို သန့်ဆှင်းစေရန် မြို့ထင်ခါး အပြင်နှိုက် အသေခံအယ်။
သူလို့ဟ ထပင်း ယေရှုဟို မြို့ပြင်ဟို ဆွဲထုတ်ပင်းရင်၊ သူလို့မြို့မှာ တည်ဆောက်ထားသော တောင်ထိပ်ဟို ခေါ်သွားကြပင်း သူ့ဟို ချောက်ထဲဟို လောချရန် ခေါ်ဆောင်သွားကြအယ်။
သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။
အဲအစား စစ်သားတယောက်ဟ ယေရှုရဲ့ နံဘေးဟို လှံနဲ့ ထိုးလိုက်ရာ ခုတုံးပင် သွေးနဲ့ ယေ ထွက်လာအယ်။
သူ့ဟို မြို့ပြင်သို့ ဆွဲထုတ်ပင်းနောက် ကျောက်ခဲနဲ့ ပေါက်ကြအယ်။ အသိသက်သေများဟ မိမိလို့ ဝတ်လုံများဟို ရှောလု နာမယ်ဆိသူ လူရွယ်တယောက်ရဲ့ ခြေရင်းနား ချထားကြအယ်။
နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။
နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊
အေးအလိုတော်နဲ့အညီ ယေရှု ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တကြိမ်တည်းနဲ့အပီး ပူဇော်ခြင်းအားဖြင့် ငါလို့ဟ သန့်ဆှင်းစေခြင်း ခံရကြအယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
ယေရှုဟ သူလို့အား အပစ်များမှ သန့်စင်စေအယ်၊ ကိုယ်တော်နဲ့ ကိုယ်တော် သန့်ဆှင်းစေသော သူလို့တွင် အဘတဦးတည်းဆိသဖြင့် ကိုယ်တော်ဟ အဲသူလို့အား မိမိရဲ့ ညီအကို မောင်နှမများဟု ခေါ်ဆိုရန် ဆှက်တော်မမူ။
၎င်းလို့ဟို မြို့ပြင်ဆိ စပျစ်သီးနယ်ရာ ကျင်းနှိုက် နင်းနယ်သောအခါ အသွေးဟ အဲစပျစ်သီးနယ်ရာကျင်းမှ စီးထွက်လာယွေ့ မြင်းရဲ့ ဇက်ကြိုးအထိ မြင့်ပင်း ၁၈၄ မိုင်ခန့် ပြန့်သွားလေအယ်။