5 အဲပြင်၊ “ငါ့သား၊ ထာဝရဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းဟို အလေးမထားဘဲ မနေနဲ့၊ ကိုယ်တော်ရဲ့ ဆိုဆုံးမခြင်းဟို ခံရသောအခါ စိတ်မပျက်နဲ့။
ကိုယ်တော်ဟ ဟေအရပ်နှိုက် မဆိ၊ ဆှင်ပြန်ထမြောက်ပီ။ ကိုယ်တော်ဟ ဂါလိလဲပြေနှိုက် ဆိစဉ် နင်လို့အား စလို မိန့်ခဲ့တာဟို သတိရကြလော့။
အဲပင်းရင် အမျိုးသမီးများဟ ကိုယ်တော်ရဲ့ စကားများဟို သတိရယွေ့၊
အားပေမဲ့ ငါလို့အား ဟေသို့ သခင်ဘုရားအားဖြင့် စီရင်ခြင်းမှာ ငါလို့အား လောကီသားလို့နဲ့အတူ အပစ်ဒဏ် မခံရစေရန် ဆုံးမခြင်း ဖြစ်အယ်။
အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။
အဲသူလို့တွင် ဟုမေနဲနဲ့ အလက်ဇန္ဒြားလို့ ပါဝင်ကြအယ်၊ သူလို့ဟ ဘုရားသခင်ဟို ပစ်မားပြောဆိုခြင်း မပြုမဲ့အကျောန်း ဆုံးမခြင်းဟို ခံရကြရန် သူလို့ဟို စာတန်လက်ဟို ငါအပ်လိုက်အယ်။
ဘုရားသခင်ဟ နင်လို့ဟို သားလို ပြုမူဆက်ဆံတာဖြစ်ယွေ့ နင်လို့ဟ ဆုံးမပဲ့ပြင်ခြင်းဟို သည်းခံကြရမယ်။ အကျောန်းမှာ အဘ မဆုံးမ မပဲ့ပြင်သောသားဟူယွေ့ ဆိသလော။
ညီအကို မောင်နှမလို့၊ ဟေအားပေး တိုက်တွန်းချက်ဟို သည်းခံလျက် နာယူကြရန် နင်လို့အား ငါ တောင်းပန်အယ်၊ အခု နင်လို့ဆေ ငါ ရေးလိုက်သောစာဟ ရမ်းဆာ့ မဆှည်မန့်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
ငါဟ ငါချစ်သမျှသော သူလို့ရဲ့ အပစ်ဟို ဖော်ပြယွေ့ ဆုံးမတတ်အယ်။ အဲကျောန့် စိတ်အားထက်သန်ခြင်း ဆိယွေ့ နောင်တရလော့။