3 အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
လူသားဟ လာသောအခါနှိုက် သူဟ စားလျက်သောက်လျက်နေသော် ‘အေးသူဟို ကျေ့လော့၊ သူဟ စားကြူးသောက်ကြူးသူ ဖြစ်အယ်၊ အခွန်ခံသူလို့နဲ့ အခြားဆိုးသွမ်းသောသူလို့ရဲ့ မိတ်ဆွေ ဖြစ်အယ်’ ဟု ဆိုကြအယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟ မန်ကန်ကျောန်းဟို မိမိရဲ့ လုပ်ဆောင်မှုများဟ ဖော်ပြကြအယ်” ဟု မိန့်အယ်။
ဟေအရာဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ “ဟေသူသည် နတ်ဆိုးမင်း ဗေလဇေဗုလဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်သူ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။
“ကိုယ်တော်ရဲ့ တဘဲ့များဟ မစာကျောန့် ဆေ့လူကြီးလို့ရဲ့ သင်ကြားမှုများဟို မလိုက်နာကြလုန်း။ သူလို့ဟ နည်းမန်အတိုင်း လက်မဆေးဘဲ စားသောက်ကြအယ်” ဟု ဆှောက်ထားကြအယ်။
ယေရှုဟ ဗိမာန်တော်ဟို ပြန်လည်ကြွလာယွေ့ ဟောပြောသွန်သင်စဉ် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ အထံတော်ဟို လာပင်းရင် “နင်ဟ ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုလုန်း။ အေးအခွင့်အာဏာဟို စသူဟ နင့်အားပေးလုန်း” ဟု မေးဆှောက်ကြအယ်။
သူလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် နည်းလမ်းဆာကြပေမဲ့ ကိုယ်တော်အား ပရောဖက်ဟု မှတ်ယူယုံကြည်နေသူ လူအုပ်ကြီးဟို ကြောက်ကြအယ်။
အေးနောက် ဖာရိရှဲလို့ဟ ထွက်သွားပင်း ကိုယ်တော်ဟို သူရဲ့ နှုတ်တော်ထွက် စကားအားဖြင့် အကွက်ဆင် ဖမ်းနိန်ရန် ဆွေးနွေးတိုင်ပင်ကြအယ်။
ဥပုသ်နေ့ တနေ့တွင် ယေရှုဟ အစားစာသုံးဆောင်ရန် ဖာရိရှဲ ခေါင်းဆောင်တဦး နေအိုင်ဟို ဝင်လေအယ်၊ လူလို့ဟ ယေရှုဟို စောင့်ကျေ့နေကြအယ်။
ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။
ပိတ်ဆန်ဟို တပ်မက်သော ဖာရိရှဲလို့ဟ အေးစကားများဟို ကြားသောအခါ ကိုယ်တော်ဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။
ရှုမောင်ဟ သူလို့ဟို ကောင်းချီးပေးပင်း သူ့မေ မာရိအား၊ “ဟေအောင်နီငယ်ဟို ဣသရေလူမျိုးထဲဟ လူလို့ဟို ဖျက်စီးခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် ရွေးချယ်ထားပီ၊ သူဟ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာ ဖြစ်ပင်း သူ့ဟို ရမ်းဆာ့သော လူများဟ ဆန့်ကျင် ပြောဆိုလိမ့်မယ်။
ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ “ဘုရားဟို ပစ်မားပြောဆိုသော ဟေသူဟ စသူလုန်း၊ အပစ်များမှ ခွင့်လွှတ်နိန်သူဟာ ဘုရားသခင် တဦးတည်းသာ ဖြစ်အယ်” ဟု သူလို့တတ်တိုင်း ဟောနေကြအယ်။
သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောန့် သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။
အဲသို့ ယေရှု မိန့်သောအခါ အစောင့်တပ်သားတဦးဟ “ယဇ်ပုရောဟိတ်မင်းအား နင်ဟ ဟေသို့ ပြန်ပြောရသလော” ဟု ဆိုလျက် ယေရှုဟို ဖိုင်လေအယ်။
အေးလိုမို့ ဟေအမှုအရာဟို ဥပုသ်နေ့နှိုက် ပြုသောကျောန့် ယုဒအာဏာပိုင်လို့ဟ ယေရှုအား ညှဉ်းဆဲကြအယ်။
လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။
ဖာရိရှဲလို့ဟ “အခု နင်ဟ ကိုယ့်အကျောန်းဟို သက်သေခံ နေအယ်၊ အဲလိုမို့ နင့်သက်သေခံချက်ဟ မမန်ကန်” ဟု ပြောကြအယ်။
ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။
အဲအခါ သူလို့ဟ ယေရှုဟို ပစ်ရန် ကျောက်ခလုံးဟို ကောက်ယူကြအယ်၊ အဲလိုလဲ ယေရှုဟ တိမ်းဆှောင်ယွေ့ ဗိမာန်တော်မှ ထွက်သွားလေအယ်။
ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။
ဟေအကျောန်းကျောန့် ငါလို့ဟ ပစာခါမျှ စိတ်ပျက် အားမလျော့ကြ။ ငါလို့ရဲ့ ကိုယ်ခန္ဓာဟ တဖြည်းဖြည်း ယိုယွင်းပျက်စီးလျက် ဆိသော်လည်း ငါလို့ရဲ့ ဝိညာဉ်မူ တနေ့ထက်တနေ့ အသစ်ပြုပြင်ခြင်းဟို ခံရအယ်။
အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။
အဲလိုလဲ ညီအကိုလို့၊ နင်လို့ဟ ကောင်းသောအမှုဟို ပြုရာနှိုက် စိတ်ပျက်အားလျော့ခြင်း မဆိကြနဲ့။
ငါလို့ရဲ့ ယုံကြည်ခြင်းဟို အစပြုဖြစ်တည်စေယွေ့ စုံလင်စေလဲ့သူဖြစ်သော ယေရှုဟို မျက်မှောက်ပြုကြကုန်စို့၊ ကိုယ်တော်ဟ မိမိဆေ့နှိုက် ပြင်ဆင်ထားသော ဝမ်းမြောက်ခြင်းကျောန့် ဆှက်ဖွယ်အရာများဟိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်နှိုက် ခံပင်းရင် ဘုရားသခင်ရဲ့ ပလ္လင်တော် လက်ယာဘက်နှိုက် ထိန်နေအယ်။
အဲပြင်၊ “ငါ့သား၊ ထာဝရဘုရားရဲ့ ဆုံးမပဲ့ပြင်ခြင်းဟို အလေးမထားဘဲ မနေနဲ့၊ ကိုယ်တော်ရဲ့ ဆိုဆုံးမခြင်းဟို ခံရသောအခါ စိတ်မပျက်နဲ့။
အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။
ပုတ်ခတ်ပြောဆို ခံရသောအခါ ပြန်ယွေ့ မတုန့်ပြန်၊ ဆင်းရဲဒုက္ခ ခံစားရသောအခါနှိုက်လည်း ခြိမ်းခြောက်ခြင်းဟို မလုပ်ဘဲ ဖြောင့်မတ်စွာ တရားစီရင်သော အဆှင်ဆေ မိမိကိုယ်ဟို အပ်နှံအယ်။
နင်ဟ သည်းခံခြင်း ဆိလျက် ငါရဲ့ နာမအတွက် အပင်ပန်းခံယွေ့ အားလျော့ခြင်း မဆိခဲ့ပေ။