Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဟေဗြဲ 11:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 နောဧဟ မမျော်ရသေးသောအရာများနဲ့ ပတ်သက်ယွေ့ ဗျာဒိတ်တော်ရသောခါ ကြောက်ရွံ့ရိုသေသောစိတ် ဆိယွေ့ မိမိအိုင်သူအိုင်သားလို့ ကယ်တင်ခြင်း ခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောဟို တည်ဆောက်အယ်။ အေးယုံကြည်ခြင်းအားဖြင့် သူဟ လောကရဲ့ အပစ်ဟို ထင်ဆှားစေယွေ့ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဟို အမွေဆက်ခံသူ ဖြစ်လာအယ်။

Faic an caibideil Dèan lethbhreac




ဟေဗြဲ 11:7
41 Iomraidhean Croise  

အေးနောက်မှ ဟေရုဒ်မင်းကြီး ဆေဟို မပြန်ရမဲ့အကျောန်း အိမ်မက်တွင် ဘုရားသခင် သတိပေးယွေ့ မိမိလို့ ပြေဟို တခြားလမ်းဖြင့် ပြန်သွား ကြအယ်။


“ပရောဖက် ဒံယေလ ဟောကြားခဲ့လဲ့ ‘ထိတ်လန့် ဆက်ဆုပ်ဖွယ်ကောင်းလဲ့အရာ’ ဟ သန့်ဆှင်းသော အရပ်နှိုက်နေတာဟို နင်လို့ မျော်ရလိမ့်မယ်။” (စာဖတ်သူဟ ဆိုလိုရင်း အဓိပ္ပာယ်ဟို နားလည်ပါစေ။)


နားထောင်ကြလော့၊ ဟေအရာများ နင်လို့အား ကြိုတင်ယွေ့ ငါဖော်ပြပီ။


အေးနေ့ရက်ကာလနှိုက် ယေမလွမ်းမိုးခင်၊ သင်္ဘောထဲဟို နောဧ ဝင်သည့်နေ့တိုင်အောန် လူတို့ဟ စားသောက်လျက် ထိမ်းမြားစုံဖက်လျက် နေကြအယ်။


ဖာရိရှဲနဲ့ ဇဒ္ဒုကဲအများလို့ဟ နှစ်ခြင်းခံယူရန် လာကြတာဟို မျော်သောအခါ ယောဟန်ဟ သူလို့အား “အချင်းမြွေပွေးလို့၊ ရောက်လာမယ့် အူထော့ခြင်းဘေးမှ လွတ်မြောက်နိန်တယ် ဟု နင်လို့အား စလူဟ သတိပေးလုန်း။


နောဧရဲ့ နေ့ရက်များနှိုက် ဖြစ်သလိုမျိုး လူသား ပြန်လာလဲ့ နေ့ရက်များနှိုက်လည်း ဖြစ်ပျက်လိမ့်မယ်။


အကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဟု ကျမ်းစာနှိုက်ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက် ယုံကြည်ခြင်းသို့ ပို့ဆောင်လဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆှားလျက်ဆိအယ်။


ကျမ်းစာနှိုက် ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဆိုတာဟ “စသူဟ ခေါန်းခင်ဘုံဟို တက်ရမှာလုန်းလို့ နင်လို့ စိတ်နေလုံးထဲမှာ မမေးနဲ့” ဆိုလိုတာဟ ခရစ်တော်ဟို အောက်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်အယ်။


ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။


အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။


ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့အား လောကဟို ပိုင်စေမယ်လို့ ကတိထားသောအခါ၊ အာဗြဟံဟ ပညတ်တရားဟို နာခံသောကျောန့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် လက်ခံသောကျောန့် ဖြစ်အယ်။


အေးကျောန့် စလို ဟောရမလဲ၊ ဖြောင့်မတ်ခြင်းဟို မီအောန်မလိုက်သော လူမျိုးခြားလို့ဟ ဖြောင့်မတ်ခြင်းဟို မီကြအယ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိအယ်။


အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။


ဟေအရာဟ ငါသည် ပညတ်တရားဟို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဆိနိန်ပေ။ အခု ငါဟ ခရစ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ငါရအယ်၊ ယုံကြည်ခြင်း အပေါ်နှိုက် အခြေခံသော ဘုရားသခင်ဆေမှ လာသော ဖြောင့်မတ်ခြင်း ဖြစ်အယ်။


ယုံကြည်ခြင်းဟ မျော်လင့်သောအရာလို့ဟို စိတ်ချမှုဆိခြင်းနဲ့ မမျော်ရသောအရာလို့ဟို သိမှတ်စွဲလမ်းခြင်း ဖြစ်အယ်။


အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။


ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။


ယဇ်ပုရောဟိတ်များ ပြုသောအမှုအရာများဟ ခေါန်းခင်ဘုံဆိ အမှုအရာများရဲ့ ပုံတူနဲ့ အရိပ်အရောင်မျှသာ ဖြစ်အယ်။ မောရှေ ပြုခဲ့လဲ့အမှုအရာများဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်။ ပစာကို့ သူဟ ပဋိညာဉ် တဲတော်ဟို တည်ဆောက်မယ် ပြုသောအခါ ဘုရားသခင်ဟ “တောင်ပေါ်တွင် နင့်အား ငါပြခဲ့လဲ့ ပုံစံနဲ့အညီ အလုံးစုံလို့ဟို ပြုလုပ်ရန် သတိမမေ့နဲ့” ဟု ညွှန်ကြားခဲ့သောကျောန့် ဖြစ်အယ်။


အဲဝိညာဉ်များဟ တချိန်ဟ နောဧလက်ထက်နှိုက် သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်ဟ စိတ်ဆှည်စွာဖြင့် စောင့်ပေမဲ့လည်း နားထောင်ခြင်း မဆိခဲ့သော ဝိညာဉ်များ ဖြစ်ကြအယ်။ အေးသင်္ဘောထဲနှိုက် ဆှစ်ယောက်မျှဖြစ်သော လူကတစ်လို့သာ ယေမှတဆင့် ကယ်တင်ခြင်း ခံရကြအယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


ဆေ့ခေတ် ကမ္ဘာဟိုလည်း မညှာတာဘဲ အေးဘုရားတရားမဲ့သော ကမ္ဘာဟို ယေလွှမ်းမိုးစေယွေ့ ဖြောင့်မတ်ခြင်းတရားဟို ဟောပြောသော နောဧနဲ့အတူ တခြား လူခုနေဦးဟို ကယ်တင်အယ်။


အေးအချိန်ဟ ကမ္ဘာသည် ယေလွှမ်းမိုးခြင်း ခံရလျက် ယေအားဖြင့် ပျက်စီးခြင်းသို့ ရောက်ခဲ့တာဟူသော အချက်ဟို သူလို့ဟ တမင် မေ့လျော့ထား လိုကြအယ်။


Lean sinn:

Sanasan


Sanasan