10 အကျောန်းမှာ သူဟ ဘုရားသခင် စီမံယွေ့ တည်ဆောက်သော ခိုင်ခံ့လဲ့ အုတ်မြစ်ဆိသော မြို့ဟို မျော်လင့်အယ်။
ငါ့အဖရဲ့ အိုင်တော်နှိုက် နေစရာအခန်း ရမ်းဆာ့ ဆိအယ်၊ မဆိရင် မဆိကျောန်း နင်လို့အား ငါ ပြောခဲ့လိမ့်မယ်၊ နင်လို့အတွက် နေစရာပြင်ဆင်ရန် ငါသွားရမယ်။
အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
အဲလိုလဲ ငါလို့ဟ ခေါန်းခင်နိုင်ငံသား ဖြစ်ကြအယ်၊ အဲအရပ်မှ ကြွလာမဲ့ ကယ်တင်ဆှင် သခင် ယေရှု ခရစ်တော်ဟို ငါလို့ စောင့်မျော်နေကြအယ်။
အေးအစား သူလို့ဟ အထက်ခေါန်းခင်နှိုက် ဆိလဲ့ပြေတည်းဟူသော သာယွေ့ မြတ်သောပြေဟို ရမ်းဆာ့ တောင့်တနေကြအယ်။ အဲကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ ဘုရားဟု ခေါ်ခြင်းခံရတာဟို ဆှက်ဝူး၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် မြို့ဟို ပြင်ဆင်ထားအယ်။
အားပေမဲ့ နင်လို့ဟ ဇိအုန်တောင်ဟို လည်းကောင်း၊ အသက်ဆှင်သော ဘုရားသခင်ရဲ့ မြို့တော် တည်းဟူသော အထက် ခေါန်းခင်အရပ်ဆိ ယေရုရှလင်မြို့ဟို လည်းကောင်း၊ အတိုင်းမသိ များစွာသော ခေါန်းခင်တမန်လို့ စုဝေးရာဟို လည်းကောင်း၊
အဲကျောန့် ငါလို့ဟ မတုန်လှုပ်နိန်သော နိုင်ငံတော်နဲ့ ကျေးဇူးတော်ဟို ရဆိတာ ဖြစ်ယွေ့ ကျေးဇူးတော်ဟို ချီးမွန်းကြစို့။ အဲလို ကျေးဇူးတော်ဟို ကြည်ညိုခြင်းနဲ့ ရိုသေခန့်ညားခြင်းလို့ဖြင့် ဘုရားသခင် နှစ်သက်လဲ့အတိုင်း ဝတ်ပြုကိုးကွယ်ကြစို့၊
အကျောန်းမှာ ဟေလောကနှိုက် ငါလို့အတွက် တည်မြဲသောမြို့ မဆိ၊ အားပေမဲ့ နောက်လာမဲ့ မြို့ဟိုသာ ငါလို့ ကြိုးစား ဆှာဖွေနေကြအယ်။
အကျောန်းမှာ အိုင်တိုင်းဟို တစုံတယောက်ဟ တည်ဆောက်ရအယ်၊ အားပေမဲ့ အရာခပ်သိမ်းဟို တည်ဆောက်သောသူဟ ဘုရားသခင် ဖြစ်အယ်။
တဖန် သန့်ဆှင်းသော ယေရုရှလင်မြို့သစ်ဟ သတို့သားအတွက် ဆင်မြန်းထားလဲ့ သတို့သမီးလို ပြင်ဆင်လျက် ဘုရားသခင်ဆေ ခေါန်းခင်မှ ဆင်းသက်လာတာဟို ငါ မျော်ရအယ်။