11 ယဇ်ပုရောဟိတ် အားလုံးဟ နေ့စဉ်နေ့တိုင်း ရပ်ယွေ့ ဝတ်ပြုကာ အပစ်များဟို မဖယ်ဆှားနိန်လဲ့ တူညီသောယဇ်ဟို အကြိမ်ကြိမ် ပူဇော်နေကြအယ်။
ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊
အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။
လူလို့အထဲမှ ရွေးကောက်ခြင်း ခံရသော ယဇ်ပုရောဟိတ်မင်းအားလုံးဟ အပစ်ဖြေရာယဇ်များနဲ့ ပူဇော်သကာများဟို လူလို့ရဲ့ ကိုယ်စား ဘုရားသခင်ဆေ ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်း ခံရအယ်။
ယဇ်ပုရောဟိတ်မင်းလို့ဟ နေ့စဉ် ဦးရင် မိမိလို့ အပစ်များအတွက် လည်းကောင်း၊ အဲပင်းရင် လူလို့ရဲ့ အပစ်များအတွက် လည်းကောင်း၊ ယဇ်ပူဇော်ကြရအယ်။ ကိုယ်တော်ဟ ဟေလိုပြုရန် မလို၊ အကျောန်းမှာ ကိုယ်တော်ဟ မိမိကိုယ်ဟို တကြိမ်တည်း ယဇ်ပူဇော်ယွေ့ အဲအမှုဟို ပီးစီးစေပီ။
ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်တည်းဟူသော တဲတော်စစ်နှိုက် အစေခံလျက် နေအယ်၊ အဲဟာဟ လူလို့ တည်ဆောက်သော တဲတော် မဟုတ်၊ ထာဝရဘုရားဟ တည်ဆောက်သော တဲတော် ဖြစ်အယ်။
ကိုယ်တော်ဟ မြေကြီးပေါ်တွင် ဆိခဲ့ရင် ပညတ်တရားအရ ပူဇော်သကာဟို ပူဇော်သောသူများ ဆိနေတာဖြစ်ယွေ့ ယဇ်ပုရောဟိတ် ဖြစ်လိမ့်မယ် မဟုတ်။