11 အဲအရာလို့ဟ ပျက်စီးသွားသော်လည်း ကိုယ်တော်ဟ ဆက်ယွေ့ တည်အယ်၊ အဲအရာဆိသမျှလို့ဟ အဝတ်လို ဟောင်းနွမ်းကြလိမ့်မယ်။
ခေါန်းခင်နဲ့ မြေကြီး ပျောက်ကွယ်သွားပေမဲ့ ငါ့ရဲ့ စကားဟ ပစာအခါမှ ပျောက်ကွယ်လိမ့်မယ် မဟုတ်။
ခေါန်းခင်နဲ့ မြေကြီး ကွယ်ပျောက်သွားလိမ့်မယ်၊ အဲလိုလဲ ငါ့စကားဟ ပစာခါမျှ ပျောက်ကွယ်သွားမယ် မဟုတ်ပေ။
ခေါန်းခင်နဲ့ မြေကြီး ကွယ်ပျောက်သွားလိမ့်မယ်၊ အဲလိုလဲ ငါ့စကားဟ စလိုမျှ ကွယ်ပျောက်လိမ့်မယ် မဟုတ်။
“နောက်တကြိမ်” ဟူသော စကားဟ တုန်လှုပ်နိန်သောအရာလို့ဟို ဖန်ဆင်းခြင်း ခံရလဲ့ တုန်လှုပ်တတ်သော အရာများဟို ဖယ်ဆှားမဲ့ အကျောန်းဟို ဆိုလိုအယ်။
ဘုရားသခင်ဟ ဟေလို ပဋိညာဉ်သစ်အကျောန်းဟို မိန့်ခြင်းအားဖြင့် ပထမ ပဋိညာဉ်ဟို ဟောင်းနွမ်းစေအယ်၊ ဟောင်းနွမ်းလာသောအရာဟလည်း မကြာမီ ပျောက်ကွယ်သွားလိမ့်မယ်။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
“စမုရနမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဦးရင်ဆုံးနဲ့ နောက်ဆုံးဖြစ်သောသူ၊ သေခဲ့သော်လည်း ပြန်ယွေ့ အသက်ဆှင်သောသူဟ ဟေလို မိန့်အယ်။
အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။
အဲပင်းရင် ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို ငါ မျော်ရအယ်။ အကျောန်းမှာ ပထမ ခေါန်းခင်နဲ့ ပထမ မြေကြီးဟ ပျောက်ကွယ်သွားယွေ့ ပင်လယ်ဟလည်း မဆိ။