3 အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။
ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။
လွန်ခဲ့သော နှစ်အနည်းငယ်ဟ သုဒဆိုသူဟ ပေါ်လာယွေ့ မိမိတတ်တိုင်း အရေးပါသူ ဖြစ်အယ်ဟု ဆိုကာ၊ ၄၀၀ ခန့်ဆိသောသူဟ သူရဲ့ နောက်လိုက်ခဲ့အယ်။ အဲလိုလဲ သူ အသတ်ခံရပင်း သူ့နောက်လိုက်သောသူ အားလုံးလို့ဟ ကွဲပြားဖြစ်လျက် စလိုမှအရာ မထင်ခဲ့ချေ။
အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။
ငါ့အား ပေးသော ကျေးဇူးတော်အားဖြင့် နင်လို့ထဲတွင် ဆိသောသူအားလုံးဟို ငါမှာကြားလိုတာဟ နင်လို့ဟ မိမိတတ်တိုင်း ထင်သင့်တာထက် ပိုပင်း အထင်မကြီးဘဲ နင်လို့အသီးသီးအား ဘုရားသခင် ခွဲဝေပေးသော ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ငါဟ ပရောဖက်ပြု ဟောပြောနိန်သော အခွင့်ဟို ရဆိယွေ့ လျှို့ဝှက်နက်နဲသော အရာဆိသမျှနဲ့ အသိပညာအလုံးစုံဟို နားလည်သိဆိကာ တောင်များဟို တောနိန်လဲ့ ယုံကြည်ခြင်း ဆိပေမဲ့ မေတ္တာ မဆိရင် အလကားကား ဖြစ်အယ်။
စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
စသူမဆို တစုံတရာဟို သိပီဟု ထင်မှတ်ရင် အဲသူဟ သိသင့်လဲ့ အတိုင်းပင် မသိသေး။
ငါဟ သူရူးလို ပြုလေပီ အားပေမဲ့ နင်လို့ဟ ငါ့ဟို သူရူးဖြစ်အောန် ပြုကြအယ်။ နင်လို့ဟ ငါ့ဟို ထောက်ပံ့ပေးသင့်သူများ ဖြစ်အယ်။ ငါဟ မရေရာသောသူ ဖြစ်စေကာမူ နင်လို့ရဲ့ ထူးမြတ်လဲ့ တမန်တော်များထက် ပစာလိုနဲ့မျှ မညံ့။
ငါလို့ဟ မိမိအတွက် စလိုအရာဟို မဆို တောင်းဆိုရန် မိမိတတ်တိုင်း အရည်အချင်းဆိခြင်း မဟုတ်ဘဲ ငါလို့ရဲ့ အရည်အချင်းဟ ဘုရားသခင်ဆေမှ လာအယ်။
အေးအထင်ကရဖြစ်သောသူလို့ဟ မခင်ဟ စလိုလူဖြစ်ပါစေ ငါ့အတွက် အကျောန်းမဟုတ်။ ဘုရားသခင်ဟ လူ့မျက်နှာဟို မထောက်၊ သူလို့ဟ ငါ့အပေါ် စလိုအရာဟိုမျှ မဖြည့်စွက်ခဲ့ကြပေ။
အသင်းတော်ရဲ့ မဏ္ဍိုင်များဖြစ်တာဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ပေတရုနဲ့ ယောဟန်လို့ဟ ငါ့အား ပေးထားသော ကျေးဇူးတော်ဟို သိမျော်ယွေ့ မိတ်သဟာယ ဖွဲ့ခြင်း လက်ယာလက်ဟို ငါနဲ့ ဗာနဗလို့အား ကမ်းလျက်၊ ငါလို့ဟ လူမျိုးခြားများဆေဟို သွားရန်နဲ့ သူလို့ အရေဖျားလှီးထားသော သူလို့ဆေဟို သွားရန် သဘောတူကြအယ်။
ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။
တစုံတယောက်ဟ မိမိကိုယ်ဟို ဘုရားတရား ကြည်ညိုသူဟု ယူဆသော်လည်း မိမိရဲ့ လျှာဟို မထိန်းနိန်ရင် မိမိတတ်တိုင်း လှည့်စားသူဖြစ်အယ်။ သူရဲ့ ဘုရားတရား ကြည်ညိုမှုဟလည်း အလကားကား ဖြစ်အယ်။
ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။