ဂလာတိ 3:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား5 အေးလိုမို့ ငါတခါ ထပ်မေးမယ်၊ ဘုရားသခင်ဟ နင့်အား သူရဲ့ဝိညာဉ်တော်ကို ပေးသနားပင်း ပညတ်တရားရဲ့ အကျင့်အားဖြင့် နင်လို့တွင် အံ့ဖွယ်အမှုများကို လုပ်ဆောင်စေသလော၊ အဲဟာမဟုတ်ရင် နင်ကြားနာပင်း ယုံကြည်ကြကျောန့် အေးလို့ ပြုကြသလော။ Faic an caibideil |
နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။
ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား နိမိတ်လက္ခဏာများဟို တန်ခိုးဟို ပြနိန်သောအခွင့်၊ တယောက်သောသူအား ပရောဖက်ပြုနိန်သောအခွင့်၊ တယောက်သောသူအား စိတ်ဝိညာဉ်ဟို ပိုင်းခြားယွေ့ သိနိန်သောအခွင့်၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားဟို ပြောနိန်သောအခွင့်နဲ့ တယောက်သောသူအား အဲဘာသာစကားရဲ့ အနက်အဓိပ္ပာယ်ဟို ဖော်ပြနိန်သောအခွင့်ဟို လည်းကောင်း ပေးအယ်။