22 အဲလိုလဲ ကမ္ဘာတခုလုံးဟ အပစ်တရားရဲ့ လက်အောက်တွင် ဆိနေတာဟု ကျမ်းစာဟ ပြောအယ်။ အေးလိုမို့ ယေရှု ခရစ်တော်ဟို ယုံကြည်ခြင်းအပေါ် အခြေခံယွေ့ ကတိပြုထားလဲ့ ဆုကျေးဇူးဟို ယုံကြည်သော သူလို့အား ပေးအယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
“နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
သူလို့ဟ “သခင် ယေရှုဟို ယုံကြည်ကြလော့၊ အဲလိုလုပ်ရင် နင်နဲ့ နင်ရဲ့မိသားစုလို့ဟ ကယ်တင်ခြင်း ရလိမ့်မယ်” လို့ ဖြေကြအယ်။
နင်လို့ဟ “ယေရှုဟ သခင် ဖြစ်အယ်” ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည်ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။
အကျောန်းမှာ ဘုရားသခင်ဟ လူအပေါင်းလို့အပေါ် ကရုဏာ ပြဖို့ရန် လူအပေါင်းလို့ဟို မနာခံမှုအဖြစ်နှိုက် ချုပ်ထားအယ်။
ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။
လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။
အဲလိုမို့ အပစ်တရားဟ လူတယောက်အားဖြင့် ဟေလောကဟို ဝင်ယွေ့ သူ့အပစ်ကျောန့် သေခြင်းတရား ပေါ်ပေါက်လာရအယ်။ ရလဒ်အနေဖြင့် လူတိုင်း အပစ်ဆိသောကျောန့် သေခြင်းဟ လူသားအားလုံး အပေါ်နှိုက် သက်ရောက်ခဲ့အယ်။
အာဗြဟံအား ဘုရားသခင် ကတိထားသော ကောင်းချီးမင်္ဂလာဟို ခရစ်တော် ယေရှုအားဖြင့် လူမျိုးခြားလို့အား ပေးစေဖို့ ခရစ်တော်ဟ အေးလို့ပြုအယ်။ အေးလိုမို့ ဘုရားသခင် ကတိထားတဲ့ ဝိညာဉ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ခံယူရဆိရန် ဖြစ်အယ်။
ငါဆိုလိုတာဟ ဘုရားသခင်သည် အာဗြံဟံနဲ့ ပဋိညာဉ်ဖွဲ့ပင်း ဆက်လက်ယွေ့ ကတိထားအယ်။ အနှစ်လေးရာသုံးဆယ်ကြာပင်းနောက် ပေးထားလဲ့ ပညတ်တရားဟ အေးပဋိညာဉ်ဟို ချိုးဖျက်ပင်း ဘုရားသခင်ရဲ့ ကတိတော်ဟို ပယ်ဖျက်ယွေ့ မရပေ။
အဲလိုလဲ ယုံကြည်ခြင်း အချိန် မရောက်ခင် ပညတ်တရားဟ ငါလို့အား ဟေလာလတ္တံ့သော ယုံကြည်ခြင်းဟို မပေါ်ထွန်းမချင်း အကျဉ်းသားအဖြစ် တုတ်ချေထားခဲ့အယ်။
နင်လို့ဟ ခရစ်တော်နဲ့ စပ်ဆိုင်ရင် အေးနောက် နင်တို့ဟ အာဗြဟံရဲ့ အမျိုးအနွယ်များ ဖြစ်ယွေ့ ဘုရားသခင် ကတိထားသောအရာကို ရဆိကြလိမ့်မယ်။
ခရစ်တော် ယေရှုနှိုက် တည်ဆိသော အသက်နဲ့ဆိုင်လဲ့ ကတိတော်အတိုင်း ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
အေးနည်းအားဖြင့် ကတိထားသော ရမ်းဆာ့ကြီးယွေ့ အဖိုးထိုက်လဲ့ ဆုကျေးဇူးများဟို ကိုယ်တော်ဟ ငါလို့အား ပေးအယ်။ အေးလို့ ဆုကျေးဇူးအားဖြင့် ဟေလောကတွင် ဖောက်ပြန်ပျက်စီးတတ်သော လောကီတပ်မက်ခြင်း အညစ်အကြေးမှ လွတ်မြောက်နိန်ကြလျက် ဘုရားဇာတိတွင် ပါဝင်စေရန် ဖြစ်အယ်။
အဲလိုလဲ ငါလို့ဟ ဘုရားသခင်ရဲ့ ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရား ကိန်းဝပ်ရာ ခေါန်းခင်သစ်နဲ့ မြေကြီးသစ်ဟို စောင့်မျှော်နေကြအယ်။
ဟေဟာဟ ငါလို့အား ခရစ်တော်တတ်တိုင်း ကတိထားသော ထာဝရ အသက် ဖြစ်အယ်။