Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဂလာတိ 3:14 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

14 အာဗြဟံအား ဘုရားသခင် ကတိထားသော ကောင်းချီးမင်္ဂလာဟို ခရစ်တော် ယေရှုအားဖြင့် လူမျိုးခြားလို့အား ပေးစေဖို့ ခရစ်တော်ဟ အေးလို့ပြုအယ်။ အေးလိုမို့ ဘုရားသခင် ကတိထားတဲ့ ဝိညာဉ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ခံယူရဆိရန် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




ဂလာတိ 3:14
48 Iomraidhean Croise  

နင်လို့ဟ ဆိုးသောသူများဖြစ်သော်လည်း နင်လို့ရဲ့ လူပဲ့သငယ်လို့အား အကောင်းဟို ပေးတတ်ရင်၊ ခေါန်းခင်ပေါ်မှာ ဆိလဲ့ နင်လို့ရဲ့ အဖဟ တောင်းလဲ့အရာများဟို နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပိုပင်း ပေးမယ် မဟုတ်လော” ဟု မိန့်အယ်။


ငါ့ ခမည်းတော် ကတိထားခဲ့လဲ့အရာဟို နင်လို့ပေါ် ငါ စေလွှတ်လိမ့်မယ်။ အဲလိုလဲ နင်လို့ဟ ခေါန်းခင်ဟ တန်ခိုးဟို မခံရသေးခင်ထိ ယေရုရှလင်မြို့မှာ ငံ့နေကြလော့” ဟု ပြောလေအယ်။


ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆှားခြင်း မဆိသေးသောကျောန့် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူသေး။


ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။


ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။


ဟေအမှုအရာများနဲ့ ပတ်သက်ယွေ့ ငါလို့ဟ အသိသက်သေ ဖြစ်ကြအယ်။ ဘုရားသခင်ရဲ့ အမိန့်ဟို နာခံသူလို့အား ချပေးလဲ့ ဆုကျေးဇူးတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း အသိသက်သေ ဖြစ်အယ်” ဟု ပြန်ယွေ့ ဖြေအယ်။


အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။


သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။


အခု ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့အမျိုးအနွယ်အား ကတိတော်များ ပေးခဲ့အယ်။ ကျမ်းစာတွင် “အမျိုးအနွယ်လို့” ဟု အများသောသူများဟို ပြောတာမဟုတ်ဘဲ တယောက်သောသူဟိုသာ ရည်ညွန်းယွေ့ “နင့်ရဲ့အမျိုးအနွယ်” ဟု မိန့်အယ်။ အဲသူဟ ခရစ်တော် ဖြစ်အယ်။


အေးအချက်အား ငါ့ဟို ပြောပြကြပါ။ ပညတ်တရားနဲ့ဆိုင်သော အကျင့်အားဖြင့် ခံယူရဆိသလော။ အဲဟာမဟုတ်ရင် သတင်းကောင်းဟို ကြားနာပင်း ယုံကြည်ခြင်းဖြင့် နင်ဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ရဆိခဲ့ပါသလော။


နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန် ဘုရားသခင်ဟ “အဗ္ဗ၊ ငါ့ အဖ” ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။


အကျောန်းမှာ ငါလို့ နေယောက်လုံးဟ ဝိညာဉ်တော်အားဖြင့် ခမည်းတော်ဆေဟို ဝင်ခွင့်ရကြအယ်။


ဘုရားသခင်ဟ သူရဲ့ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်သောနေရာဖြစ်ရန် နင်လို့ဟလည်း အေးသခင်နှိုက် အတူတကွတည်ဆောက်ခြင်းခံရကြအယ်။


ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။


ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။


Lean sinn:

Sanasan


Sanasan