10 သူလို့ တောင်းဆိုသမျှဟ သူလို့အဖွဲ့ထဲမှာ လိုအပ်နေသောသူတွေဟို သတိရစေရန် ဖြစ်အယ်။ အေးအရာဟို ငါလုပ်ချင်စိတ် ပြင်းပြခဲ့အယ်။
“ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။
ကောင်းသောအမှုဟို ပြုခြင်းနဲ့ ဝေမျှခြင်းလို့ဟိုလည်း မမေ့လျော့ကြနဲ့၊ အကျောန်းမှာ အဲလိုယဇ်မျိုးဟို ဘုရားသခင် နှစ်သက်အယ်။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။