5 ဘုရားသခင်နှိုက် ထာဝရ ဘုန်းကြီးပါစေသော။ အာမင်။
နင်လို့အား ငါပေးသမျှသော ပညတ်လို့ဟို စောင့်ထိန်းကြစေရန် သူလို့အား သွန်သင်ကြလော။ ငါဟ ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောန် နင်လို့နဲ့အတူ အစဉ်မပြတ် ဆိမယ်” ဟု မိန့်အယ်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
“ခေါန်းခင်ဘဝဂ်ဝယ် ဘုရားသခင်ဟ ဘုန်းကြီးပါစေ၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ဆိစေယွေ့ လူလို့အား မေတ္တာကရုဏာ ဆိစေသတည်း” ဟု မြွက်ဆိုကြအယ်။
အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
ပညာနဲ့ ပြေ့စုံလဲ့ တဆူတည်းသော ဘုရားသခင်ဟ ယေရှု ခရစ်အားဖြင့် ထာဝရ ဘုန်းကြီးစေသတည်း။ အာမင်။
အဲကျောန့် ငါရဲ့ အစားအစာ စားခြင်းဟ ညီအကိုအား မားယွင်းစေမယ်ဆိုရင် ငါဟ ငါ့ညီအကိုအား မားယွင်းစရာအကျောန်း မဆိစေရန် အသားဟို မစားဘဲ အစဉ်မပြတ် ဆှောင်မယ်။
အဲကျောန့် ခရစ်တော်ဟို ဆေ့ဦးစွာ မျော်လင့်သော ငါလို့ဟ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြပါစို့။
ငါလို့အဖ ဖြစ်သော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိပါစေသော၊ အာမင်။
ထာဝရ ဘုရင်၊ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ကင်းသော မမျော်ရလဲ့ တပါးတည်းသော ဘုရားသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းတော်နဲ့ ဂုဏ်တော်ဆိမန့်စေ။ အာမင်။
သခင်ဘုရားဟ မကောင်းသောအမှုအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော မိမိရဲ့ နိုင်ငံတော်ထဲဟို လုံခြုံစွာ ပို့ဆောင်လိမ့်မယ်။ အဲသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိမန့်စေ၊ အာမင်။
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။
ကိုယ်တော်ဟ ထာဝရအစဉ် တန်ခိုးကြီးပါစေသော။ အာမင်။
ငါလို့ သခင်ဘုရားနဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်နှိုက် လည်းကောင်း၊ ကိုယ်တော်ဟို သိသောဉာဏ်နှိုက် လည်းကောင်း ကြီးထွားကြလော့။ အခုမှစပင်း ထာဝရ နေ့ရက်ကာလတိုင်အောန် ကိုယ်တော်နှိုက် ဘုန်းအသရေ ဆိပါစေသော။ အာမင်။
ငါလို့ရဲ့ ကယ်တင်ဆှင်၊ တဆူတည်းသော ဘုရားသခင်နှိုက် ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ဘုန်းအသရေတော်၊ အာနုဘော်၊ တန်ခိုးအရှိန်အဝါနဲ့ အာဏာစက်လို့ဟ မခင်ကာလ အစဉ်အဆက်၊ အခု ကာလနဲ့ နောင်လာမယ့်ကာလ အစဉ်မပြတ် ဆိပါစေသော။ အာမင်။
အဲခေါန်းခင်တမန်ဟ “ဘုရားသခင် တရားစီရင်မူရာ အချိန်ကျရောက်လာပီ ဖြစ်ယွေ့ ကိုယ်တော်ဟို ကြောက်ရွံ့လျက် ဘုန်းတော်ဟို ချီးမွန်းကြလော့။ ခေါန်းခင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းယေတွင်းလို့ဟို ဖန်ဆင်းသောသူဟို ကိုးကွယ်ကြလော့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။
သူလို့ဟ ကျယ်လောင်သော အသံဖြင့်၊ “အသေသတ်ခြင်း ခံရသော သိုးသငယ်ဟ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ကောင်းချီးမင်္ဂလာလို့ဟို ခံယူထိုက်သောသူ ဖြစ်အယ်” ဟု ကြွေးကြော်အယ်။
သူလို့ဟ၊ “အာမင်၊ ငါလို့ရဲ့ ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်းအသရေ၊ ပညာနဲ့တကွ ကျေးဇူးတော် ချီးမွန်းခြင်း၊ ဂုဏ်အသေရေ၊ တန်ခိုးနဲ့ အစွမ်းသတ္တိ ဆိစေသတည်း။ အာမင်” ဟု ပြောဆိုကြအယ်။