13 ယုဒဘာသာဟို ကိုးကွယ်တဲ့အခါ ငါစလို နေထိန်ခဲ့အယ်ဆိုတာ နင့်ဟို ပြောဖူးအယ်။ ငါဟ ဘုရားသခင်ရဲ့ အသင်းတော်ဟို သနားညှာတာမှု မဆိဘဲ စလို နှိပ်စက်ညှဉ်းဆဲပင်း ဖျက်ဆီးရန် အကောင်းဆုံး ကြိုးစားခဲ့အယ်။
ရှောလုဟ သတေဖန်ရဲ့ လူသတ်မှုဟို သက်သေပြုခဲ့အယ်။ အဲနေ့မှ စပင်း ယေရုရှလင်မြို့ဆိ အသင်းတော်အပေါ် ပြင်းထန်သော ညှဉ်းဆဲခြင်းဟို ခံရအယ်။ တမန်တော်လို့မှ လွဲယွေ့ ယုံကြည်သူများ အားလုံးဟ ယုဒပြေနဲ့ ရှမာရိပြေများ တဆှောက် ကျဲပြေးကြကုန်အယ်။
အဲလိုလဲ ရှောလုဟ အသင်းတော်ဟို ဖျက်ဆီးရန် ကြိုးစားလျက် နေပင်း၊ သူဟ နေအိုင်တအိုင်ပင်း တအိုင်ဝင်ယွေ့ ယုံကြည်သူ ယောက်ျား မိန်းမလို့ဟို ဆွဲထုတ်ကာ အကျဉ်းထောင်တွင် ထည့်ထားလေအယ်။
သူ့ရဲ့ စကားဟို ကြားသောသူအပေါင်းလို့ဟ အံ့ဩကြလျက် “ဟေလူဟ ယေရှုဟို ကိုးကွယ်သောသူတိုင်း ယေရုရှလင်မြို့တွင် သတ်ဖြတ်ခဲ့သူ မဟုတ်ဝူးလော။ အေးသူလို့ဟို ဖမ်းဆီးယွေ့ ယဇ်ပုရောဟိတ်ကြီးများဆေ ခေါ်ဆောင်သွားရန်ဟူသော ရည်ရွယ်ချက်နဲ့ ဟေနေရာဟို လာရောက်တာ မဟုတ်လော” ဟု ဆိုကြအယ်။
ရှောလုဟ ယေရုရှလင်မြို့သို့ ရောက်သောအခါ တဘဲ့တော်လို့နဲ့ ပေါင်းဖော်ရန် ကြိုးစားပေမဲ့ သူလို့အားလုံးဟ သူ့ဟို အမန်တကယ် တဘဲ့တော် တဦးဖြစ်ကျောန်းဟို မယုံသဖြင့် သူ့ဟို ကြောက်ကြအယ်။
ယုဒအမျိုး ဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်ဝင် ဖြစ်စေ ထိမိယွေ့ လဲစရာအကျောန်း မဖြစ်စေကြနဲ့။
ငါဟ တမန်တော်လို့တွင် အညံ့ဆုံး ဖြစ်အယ်။ ဘုရားသခင်ရဲ့ အသင်းတော်ဟို နှိပ်စက်ညှဉ်းဆဲခဲ့သူ ဖြစ်သဖြင့် တမန်တော်ဟူယွေ့ အခေါ်မခံထိုက်။
စိတ်အားထက်သန်မှုအရဆိုရင် အသင်းတော်ဟို ညှဉ်းဆဲသောသူ၊ ပညတ်တရား နာခံခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရမယ်ဆိုရင် အပစ်ကင်းသောသူ ဖြစ်အယ်။
ငါဟ မခင် ပစ်မားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ခဲ့သော်လည်း ယုံကြည်သူ မဟုတ်သဖြင့် မသိနားမလည်ဘဲ ဟေသို့ပြုခဲ့တာ ဖြစ်ယွေ့ ကရုဏာတော်ဟို ခံစားရအယ်။
ငါလို့ သခင်ဘုရားဟ မိမိရဲ့ ကြွယ်ဝသော ကျေးဇူးတော်ဟို ငါ့အပေါ်ဟို သွန်းလောင်းယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါလို့ ရဆိလဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းဟို ငါ့အား ပေးအယ်။