8 ကျွန်ဖြစ်စေ လွတ်လပ်သောသူဖြစ်စေ ငါလို့တဦးစီတိုင်းကို ကောင်းသော အလုပ်အတွက် သခင်ဘုရားဟ ဆုချမယ် ဖြစ်ကျောန်း သိမှတ်ကြလော့။
အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။
သူလို့ဟ ‘ငါလို့အား စသူမျှ မငှားသောကျောန့် ဖြစ်အယ်’ ဟု ပြန်ပြောကြအယ်။ ဥယျာဉ်ဆှင်ဟ ‘နင်လို့လည်း ငါ့ စပျစ်ဥယျာဉ်ဟို သွားပင်း အလုပ်လုပ်ကြ’ ဟု ဆိုအယ်။
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
“နင်လို့ရဲ့ ဖြောင့်မတ်သောအမှုဟို သူလို့မျော်အောန် လူလို့ဆေ့မှာ မလုပ်မဲ့အကျောန်း သတိပြုကြလော့။ နင်လို့ အဲလိုလုပ်ရင်၊ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့ အဖဆေမှ အကျိုးကျေးဇူးဟို နင်လို့ ရဆိကြလိမ့်မယ် မဟုတ်။
အဲလိုမို့ နင်လို့ ပေးကမ်းတာဟို လျှို့ဝှက်ထားနိန်အယ်။ အေးနောက် မထင်မဆှားသောအရာဟို မျော်သော နင်ရဲ့အဖဟ နင့်ဟို ဆုလာဘ်ပေး လိမ့်မယ်။
အေးလို့လုပ်ရင် နင့်ဖို့ မင်္ဂလာဆိလိမ့်မယ်၊ ပစာကို့ သူလို့အနေနဲ့ နင့်အား ပစာမှ ပြန်မပေးဆပ်နိန်သောကျောန့် ဖြစ်အယ်။ သူတော်ကောင်းလို့ သေခြင်းမှ ထမြောက်သောနေ့နှိုက် ဘုရားသခင်ဟ နင့်အား ကျေးဇူးဆပ်ပေးလိမ့်မယ်” ဟု ပြောအယ်။
အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
အကျောန်းမှာ ငါလို့ဆိသမျှဟ ခရစ်တော်ရဲ့ တရားပလ္လင်ဆေ့နှိုက် ထင်ဆှားရမယ်။ ငါလို့ဟ ငါလို့ရဲ့ ကိုယ်ခန္ဓာ နေအိုင်နှိုက် ဆိနေစဉ် ငါလို့ပြုခဲ့လဲ့ ကောင်းသောအမှု အဲဟာမဟုတ်ရင် မကောင်းသောအမှုလို့အတွက် ထိုက်သင့်သော အကျိုးအပစ်ဟို ငါလို့ အသီးသီးခံရကြလိမ့်မယ်။
အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
နင်လို့ဟ သခင် ခရစ်တော်ဟို အစေခံကြတာ ဖြစ်ယွေ့ ဆုလာဘ်ဟို သခင်ဘုရားဆေမှ ရမယ်ဖြစ်ကျောန်း သိမှတ်ကြလော့။ ခရစ်တော်သာ နင်လို့ရဲ့ သခင် အစစ်မန် ဖြစ်အယ်။
ဘုရားသခင်ဟ လူတိုင်းဟို စံနှုန်းတခုတည်းဖြင့် စီရင်သောကျောန့်၊ ပစ်မားသောသူအပေါင်းလို့ဟ မိမိလို့ပြုသော အမားအတွက် အပစ်စီရင်ခြင်းဟို ပေးလိမ့်မယ်။
အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။