5 ကျွန်ဖြစ်သူလို့၊ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နင့်ရဲ့ လောကီသခင်ကို နာခံလော့၊ အားပင်း ခရစ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်သလိုမျိုး၊ စိတ်ရင်းမန်ဖြင့် ပြုကြလော့။
“မျက်စေ့ဟ ခန္ဓာကိုယ်ရဲ့ ဆီမီးလိုမျိုး ဖြစ်အယ်။ မျက်စေ့ကြည်လင်ရင် နင်လို့ရဲ့ ခန္ဓာကိုယ်တခုလုံး လင်းလိမ့်မယ်။
“စသူမျှ သခင်နေဦး အစေဟို မခံနိန်။ သခင်တဦးဟို မုန်းယွေ့ တဦးဟို ချစ်လိမ့်မယ်။ သခင်တဦးဟို သစ္စာစောင့်ယွေ့ တဦးဟို မလေးမခန့်ပြုလိမ့်မယ်။ နင်လို့ဟ တချိန်တည်းနှိုက် ဘုရားသခင်ရဲ့ အစေနဲ့ လောကီစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ။
အကျောန်းမှာ ငါ့တတ်တိုင်းဟလည်း အထက်အာဏာအောက်နှိုက် ဆိသောသူတယောက် ဖြစ်ပင်း၊ ငါ့ရဲ့ လက်အောက်တွင် စစ်သားများ ဆိအယ်။ ဟေတယောက်ဟို ‘သွားမန့်’ ဟု ငါပြောရင် သူဟ သွားယွေ့၊ အခြားတယောက်ဟို ‘လာမန့်’ ဟု ပြောရင် သူဟ လာအယ်။ ငါ့ရဲ့ အစေခံအား ‘ဟေအရာဟို လုပ်ပါ’ ဟု ပြောရင် သူဟ လုပ်အယ်” ဟု ဆှောက်အယ်။
သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။
အကျောန်းမှာ သွေးသားဇာတိအားဖြင့် ငါရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆန္ဒဆိအယ်။
အဲလိုမို့ ငါဟ နင်လို့ဆေဟို လာချိန်နှိုက် အားနည်းယွေ့ ကြောက်ရွံ့ တုန်လှုပ်လျက်၊
အကျောန်းမှာ ကျွန်ဖြစ်စဉ် သခင်ဘုရား ခေါ်ခြင်းဟို ခံရသောသူဟ သခင်ဘုရားရဲ့ လူလွတ် ဖြစ်အယ်။ အဲတိုင်းတိုင်း လူလွတ်ဖြစ်စဉ် ခေါ်ခြင်းဟို ခံရသောသူဟ ခရစ်တော်ရဲ့ ကျွန် ဖြစ်အယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
သူဟ နင်လို့အားလုံးရဲ့ နာခံမှုနဲ့ နင်လို့ ဟ သူ့ဟို ကြောက်ရွံ့တုန်လှုပ်လျက် ကြိုဆိုလက်ခံကြတာဟို သတိရသောအခါ နင်လို့ဟို ပိုယွေ့ ချစ်ခင်ကြင်နာအယ်။
ပေါင်အိုမလို့၊ သခင်ဘုရားဟို နာခံသလိုမျိုး မိမိရဲ့ဖိုးအိုဟို နာခံကြလော့။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။
အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။
အဲလို့ပြောရာနှိုက် ကျွန်တဦးလိုမျိုး မဟုတ်တော့ဘဲ ကျွန်ထက် ပိုပင်း မြတ်လဲ့ချစ်သော ညီအကိုအဖြစ် ရဆိခြင်းဟို ဆိုလိုအယ်။ အထူးသဖြင့် ငါ့အတွက် အေးလိုပင် ဖြစ်လေပီ။ နင့်အတွက်ဟ သွေးသားနှိုက် လည်းကောင်း၊ သခင်ဘုရားနှိုက် လည်းကောင်း စလောက်ပိုယွေ့ အေးလိုမျိုးဖြစ်လိမ့်မလုန်း။
အသက်ဆှင် နေထိန်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မယ်။