23 အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟ ညီအကိုလို့နှိုက် တည်ဆိပါစေသော။
“ငါဟ ငြိမ်သက်ခြင်းဟို နင်လို့နှိုက် ထားခဲ့အယ်၊ ငါရဲ့ ငြိမ်သက်ခြင်းဟို နင်လို့အား ငါပေးအယ်။ ဟေလောကသားလို့ ပေးသလို ငါပေးတာ မဟုတ်။ နင်လို့ စိတ်နေလုံးပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း မဆိစေနဲ့။
ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။
ငြိမ်သက်ခြင်းရဲ့ အဆှင်ဘုရားသခင်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။
အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။
ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။
အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။
ငါလို့ သခင်ဘုရားဟ မိမိရဲ့ ကြွယ်ဝသော ကျေးဇူးတော်ဟို ငါ့အပေါ်ဟို သွန်းလောင်းယွေ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ငါလို့ ရဆိလဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းဟို ငါ့အား ပေးအယ်။
မာကေဒေါနိပြေဟို သွားစဉ်ဟ နင့်ဟို ငါတိုက်တွန်းနှိုးဆော်ခဲ့လဲ့အတိုင်း နင်ဟ ဧဖက်မြို့နှိုက် ဆက်လက်နေထိန်ယွေ့ လူအချို့လို့အား ခြားနားသော ဩဝါဒဟို မသွန်သင်ကြရန် လည်းကောင်း၊
စသူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိုင်သူအိုင်သားလို့ဟို ဂရုမစိုက်ဘဲနေရင် အဲသူဟ ယုံကြည်ခြင်းဟို ငြင်းပယ်ပီ ဖြစ်ယွေ့ မယုံကြည်သူထက်ပင် ဆိုးရွားအယ်။
နင်လို့ အချင်းချင်း တယောက်ဟို တယောက် ခရစ်ယာန် မေတ္တာဖြင့် နမ်းလျက် နှုတ်ဆက်ကြလော့။ ခရစ်တော်နှိုက် ဆိသော နင်လို့ အားလုံးနှိုက် ငြိမ်သက်ခြင်း ဆိပါစေသော။
နင်နဲ့ အမြန် တွေ့ယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်ထားအယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊