18 နင်ဟို ဖျက်စီးစေမဲ့ စပျစ်ဝိုင်နဲ့ မယစ်မူးစေနဲ့။ အဲအစား ဝိညာဉ်တော်နဲ့ ပြေ့ဝကြလော့။
“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။
ကျွန်ချင်းလို့အား ရိုက်နှက်လျက် သေရည်သောက်ကြူးသူလို့နဲ့ သောက်စားမူးယဇ်လျက် နေလိမ့်မယ်။
သူဟ သခင်ဘုရားရဲ့ အဆေ့တွင် ကြီးမြတ်သောသူ ဖြစ်လိမ့်မယ်။ သူဟ စပျစ်ယေနဲ့ သေယေသေရက်ဟို သောက်လိမ့်မယ် မဟုတ်။ မွေးကတည်းဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလိမ့်မယ်။
နင်လို့ဟ ဆိုးသောသူများဖြစ်သော်လည်း နင်လို့ရဲ့ လူပဲ့သငယ်လို့အား အကောင်းဟို ပေးတတ်ရင်၊ ခေါန်းခင်ပေါ်မှာ ဆိလဲ့ နင်လို့ရဲ့ အဖဟ တောင်းလဲ့အရာများဟို နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပိုပင်း ပေးမယ် မဟုတ်လော” ဟု မိန့်အယ်။
အဲလိုလဲ အစေခံဟ ငါ့သခင် ပြန်လာဖို့ ကြာအုံးမယ်လို့ စိတ်ထဲမှာ အောက်မေ့ပင်း အစေခံ ယောက်ျားနဲ့ အစေခံ မိန်းမလို့အား ရိုက်နှက်ပင်း သောက်စား ယစ်မူးလျက်နေအယ်။
“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။
“လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံတတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ်ယေအညံ့ဟို ထည့်ပေးလေ့ ဆိအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။
ဗာနဗဟ သူတော်ကောင်း ဖြစ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ယုံကြည်ခြင်းနဲ့ လည်းကောင်း ပြေ့ဝသဖြင့် ရမ်းဆာ့သော သူလို့အား သခင်ဘုရားဆေ ပြောင်းလဲလာကြအယ်။
နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။
အကျောန်းမှာ နင်လို့ဟ စားကြတာဟ ကိုယ်စီကိုယ်စီ မိမိအစာဟို အရင်ယူယွေ့ တချို့ဟ မွတ်လျက်၊ အခြားဟ သေသောက်ကြူးလျက် ဆိကြအယ်။
မိမိတတ်တိုင်း ညီအကိုဟု ခေါ်လျက် မတရားသော မေထုန်နှိုက်မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေယေသေရက်နဲ့ယဇ်မူးခြင်း၊ အနိန်အထက်လုယူခြင်းမှ စယွေ့ အဲသို့သောအမှုဟို ပြုသောသူနဲ့ ဆိုလိုအယ်။ အဲသူလို့နဲ့အတူ ထိန်ပင်း စားသောက်ခြင်းပင် မပြုနဲ့။
ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။
အကျောန်းမှာ အိပ်မွေနေလဲ့သူလို့ဟ ညအခါနှိုက် အိပ်မွေတတ်ကြပင်း အရက်မူးလဲ့သူလို့ဟလည်း ညအခါနှိုက် မူးတတ်ကြအယ်။
အသင်းတော် ခေါင်းဆောင် တယောက်ဟ အပစ်တင်စရာ မဆိသောသူ၊ ပေါင်အိုမ တယောက်တည်း ဆိသောသူ ဖြစ်ရမယ်။ သူရဲ့ လူပဲ့သငယ်များဟလည်း ယုံကြည်သူများ ဖြစ်ရမယ်ဖြစ်ပင်း အပျော်ကြူးခြင်းကျောန့် စွပ်စွဲခံရသူများ၊ နားထောင်မှု မဆိသောသူများ မဖြစ်ရ။