Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဧဖက် 5:15 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

15 အေးကျောန့် နင်စလို အသက်ဆှင်တယ်ဆိုတာ ဂရုစိုက်လော့။ ပညာမဲ့တဲ့ လူလို့လိုမျိုး မနေထိန်ပဲ ပညာဆိလိုမျိုး နေထိန်လော့။

Faic an caibideil Dèan lethbhreac




ဧဖက် 5:15
26 Iomraidhean Croise  

“နားထောင်ကြမန့်၊ သိုးများအား ဝံပုလွေစုထဲဟို စေလွှတ်သလိုမျိုး နင်လို့အား ငါစေလွှတ်အယ်။ မြွေလိုမျိုး ပါးနပ်လိမ္မာကာ ချိုးတူးမလိုမျိုး ရိုးသားဖြူစင်ကြလော့။


သူလို့အနက် ငါးယောက်ဟ ပညာဆိဖြစ်ကြပင်း ငါးယောက်မှာတော့ ပညာမဲ့ ဖြစ်ကြအယ်။


ပိလတ်မင်းဟ စလိုအကျိုးမှ မဆိဘဲ ရုန်းရင်းဆန်ခတ်ဖြစ်မယ့် အရိပ်အရောင်ဟိုသာ သိမျော်လာသဖြင့် လူထုဆေ့တွင် ယေဟို ယူယွေ့ “ဟေသူရဲ့ အသွေးနဲ့ ငါဟ ကင်းဆှင်းအယ်။ နင်လို့ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ဆိုကာ မိမိရဲ့လက်ဟို ဆေးအယ်။


“ငါဟ အပစ်မဆိသောသူရဲ့ အသွေးဟို အပ်မိပါပီ” ဟု ဆိုအယ်။ အဲလိုလဲ အေးသူလို့ဟ “ငါလို့နဲ့ ဟေကိစ္စဟ စလိုဆိုင်လုန်း၊ နင်ရဲ့ တာဝန်သာ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။


အဲအခါ ယေရှုဟ “နားထောင်လော့၊ စသူ့ဟိုမှ မပြောနဲ့။ အဲလိုလဲ ယဇ်ပုရောဟိတ် ဆေဟို သွားယွေ့ နင့်ရဲ့ ကိုယ်ဟို ပြပင်း လူလို့ဆေ့နှိုက် သက်သေဖြစ်စေဖို့ မောရှေ စီရင်မှာထားသော ပူဇော်သကာဟို ဆက်လော့” ဟု မိန့်အယ်။


အဲပင်းရင် ယေရှုဟ “ပရောဖက်များ ဟောပြောသောစကားဟို ယုံကြည်ရန် ရမ်းဆာ့ စိတ်နုံနဲ့သော လူမိုက်လို့၊


ညီအကို မောင်နှမလို့၊ နင်လို့ဟ စဉ်းစားဆင်ခြင်မှုတွင် လူပဲ့သငယ်များလို မဖြစ်ကြနဲ့။ မတရားသောအမှုနှိုက် လူပဲ့သငယ်များလို ဖြစ်ကြလော့။ အားပေမဲ့ စဉ်းစားဆင်ခြင်မှုတွင်မူ အသက်ရွယ် ရင့်ကျက်သူများ ဖြစ်ကြလော့။


မိုက်မဲသော ဂလာတိပြေသားလို့ နင့်မျက်စေ့ဆေ့တွင် လက်ဝါးကပ်တိုင်မှာ ယေရှုခရစ်ရဲ့ အသေခံခြင်းအကျောန်းဟို ဆှင်းဆှင်းလင်းလင်း ဖော်ပြထားခြင်း ခံရလျက် စသူဟ နင်လို့ဟို ပြုစားလိုက်တာလုန်း။


နင်လို့ဟ ဟေလောက် မိုက်မဲကြသလော။ နင်ဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် အစပြုခဲ့ပင်း အခု နင်ရဲ့ သွေးသားဇာတိအားဖြင့် အဆုံးသတ်ချင်နေလော။


ခရစ်တော်ဟ ငါလို့ဟို ချစ်ယွေ့ ငါလို့အတွက် မိမိကိုယ်ကို ပူဇော်သကာနဲ့ ယဇ်တည်းဟူသော မွှေးကြိုင်သောရနံ့အဖြစ် ဘုရားသခင်ဆေ ဆက်ကပ်သလိုမျိုး နင်လို့ရဲ့ အသက်တာကို မေတ္တာဖြင့် အသက်ဆှင် ဆှောက်လှမ်းကြလော့။


အဲလိုလဲ အေးအရာဟလည်း နင်လို့ဟို ရည်ညွှန်းအယ်။ ဖိုးအိုတိုင်းဟ မိမိပေါင်အိုမဟို မိမိလိုမျိုး ချစ်ရမယ်။ အားပင်း ပေါင်အိုမတိုင်းဟ မိမိရဲ့ဖိုးအိုဟို ရိုသေရမယ်။


စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။


အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။


နင်လို့ ရဆိလဲ့ အခွင့်ကောင်း မန်သမျှဟို အသုံးပြုကာ မယုံကြည်သောသူလို့အား ပညာသတိနဲ့ ဆက်ဆံကြလော့။


စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။


ချမ်းသာလိုသောသူလို့ဟ စုံစမ်းသွေးဆောင်ရာထဲဟို လည်းကောင်း၊ ထောင်ချောက်ထဲဟို လည်းကောင်း၊ လူလို့ဟို ပျက်စီးခြင်းနဲ့ ဆုံးရှုံးခြင်းတွင် နစ်မွန်းစေတတ်သော မိုက်မဲယွေ့ အန္တရာယ်ဆိလဲ့ တပ်မက်ခြင်း အမျိုးမျိုးထဲဟို လည်းကောင်း ကျရောက်တတ်ကြအယ်။


အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။


နင်လို့တွင် စသူဟ ပညာဆိပင်း တတ်သိလိမ္မာသူ ဖြစ်လုန်း။ အဲသူဟ ပညာရဲ့ နူးညံ့သိမ့်မွေ့ခြင်းနှိုက် တည်သော မိမိရဲ့ လုပ်ဆောင်မှုလို့ဟို ကောင်းသော အသက်ဆှင်နေထိန်မှုအားဖြင့် သက်သေပြမန့်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


အဲအခါ ငါဟ အဲခေါန်းခင်တမန်ဟို ကိုးကွယ်ရန် သူရဲ့ ခြေရင်းနှိုက် ပျပ်ဝပ်လျက် သူဟ “အဲလိုမပြုနဲ့။ ငါဟ နင်မှစယွေ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော နင့်ညီအကိုလို့ရဲ့ လုပ်ဖော်ဆောင်ဖက် အစေခံလည်း ဖြစ်အယ်။ ဘုရားသခင်ဟို ကိုးကွယ်လော့” ဟု ဆိုအယ်။ အကျောန်းမှာ ယေရှုနဲ့ ဆိုင်လဲ့ သက်သေခံချက်ဟ ပရောဖက်ပြု ဟောပြောခြင်းရဲ့ ဝိညာဉ် ဖြစ်အယ်။


Lean sinn:

Sanasan


Sanasan