7 အဲလိုလဲ ငါလို့တဦးတယောက်ဟ ခရစ်တော်ပေးသော ကောင်းချီးလက်ဆောင်ရဲ့ ပမာဏအတိုင်း ကျေးဇူးတော်ဟို ခံစားရကြအယ်။
သူဟ သူလို့အသီးသီးလို့အား သူလို့အရည်အချင်းနဲ့အညီ တယောက်ဟို ငွေဒင်္ဂါး ငါးပိဿာ၊ တခြားတယောက်ဟို နေပိဿာ၊ အခြားတယောက်ဟို ငွေဒင်္ဂါး တပိဿာ အစဆိသဖြင့် ပေးအပ်ပင်းနောက် ခရီးဟို ထွက်ခွာလေအယ်။
ဘုရားသခင်ဟ မိမိစေလွှတ်သောသူအား ဝိညာဉ်တော်ဟို အပြေ့အဝ ချပေးသောကျောန့် အေးသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောတတ်အယ်။
ငါ့အား ပေးသော ကျေးဇူးတော်အားဖြင့် နင်လို့ထဲတွင် ဆိသောသူအားလုံးဟို ငါမှာကြားလိုတာဟ နင်လို့ဟ မိမိတတ်တိုင်း ထင်သင့်တာထက် ပိုပင်း အထင်မကြီးဘဲ နင်လို့အသီးသီးအား ဘုရားသခင် ခွဲဝေပေးသော ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
ဘုရားသခင်ဟ ကျေးဇူးတော်အားဖြင့် နင်လို့ရဲ့အကျိုးအတွက် ဟေအလုပ်ကို လုပ်ရန် ငါ့အား ပေးကျောန်းဟို ဧကန်မုချ ကြားသိရအယ်။
ငါဟ ဘုရားသခင်ရဲ့ လူအားလုံးလို့တွင် အငယ်ဆုံးထက်ငယ်ပေမဲ့လည်း ဘုရားသခင်ဟ ငါ့အား ခရစ်တော်ရဲ့ တွေးဆယွေ့ မရနိန်သော စည်းစိမ်များအကျောန်း သတင်းကောင်းကို လူမျိုးခြားများဆေ ပေးဆောင်ရန် ဟေအခွင့်ထူးကို ငါ့အား ပေးပင်း
ဘုရားသခင်ဟလည်း နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများအားဖြင့် လည်းကောင်း၊ မိမိအလိုတော်နဲ့အညီ သန့်ဆှင်းသော ဝိညာဉ်တော်ဟို မျှဝေပေးခြင်းအားဖြင့် လည်းကောင်း၊ သူလို့နဲ့အတူ သက်သေခံအယ်။
နင်လို့ တဦးစီဟ မိမိခံစားရဆိလဲ့ ဆုကျေးဇူးအလျောက် ဘုရားသခင်ရဲ့ အမျိုးမျိုးသော ကျေးဇူးတော်နဲ့ဆိုင်လဲ့ ကောင်းသော ဘဏ္ဍာစိုးများလိုမျိုး အေးဆုကျေးဇူးအားဖြင့် အချင်းချင်း ကူညီဆောင်ရွက် ပေးကြလော့။