6 အရာခပ်သိမ်းလို့အပေါ်နှိုက် လည်းကောင်း၊ အရာခပ်သိမ်းလို့နှိုက် ပျံ့နှံ့လျက် လည်းကောင်း၊ အရာခပ်သိမ်းလို့အထဲနှိုက် ဆိယွေ့၊ အရာခပ်သိမ်းလို့ရဲ့ အဖဖြစ်သော ဘုရားသခင်ဟ တပါးတည်းဆိအယ်။
အပစ်သွေးဆောင်ရာဟို မလိုက်ပါစေဘဲ၊ အကောင်းလဲ့အမှုအရာမှလည်း ကယ်နုတ်မန့်။’ ဟု ဆုတောင်းကြလော့။
အေးကျောန့် နင်လို့ ဟေလို့ ဆုတောင်းကြလော့၊ “ ‘ခေါန်းခင်ဘုံနှိုက်ဆိလဲ့ ငါလို့အဖ၊ ကိုယ်တော်ရဲ့ နာမတော်အား ရိုသေလေးမြတ်ခြင်း ဆိစေမန့်။
ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
ကိုယ်တော်ဟ ငါ့ဟို ချစ်သော မေတ္တာဟ သူလို့နှိုက် တည်ဆိစေယွေ့ ငါလို့ဟလည်း သူလို့နှိုက် တည်ဆိစေရန် ကိုယ်တော်ရဲ့ နာမဟို သူလို့အား ငါသိစေပင်း ဆက်ပင်းလည်း သိစေအုန်းမယ်” ဟု ဆိုအယ်။
ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆိလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော် အမြဲတမ်း ထင်ဆှားပါစေ၊ အာမင်။
အမှုတော်ဆောင်ရန် စွမ်းရည်အမျိုးမျိုး ဆိအယ်။ အားပေမဲ့ လူအသီးသီးနှိုက် ဆိသော စွမ်းရည်များဟို ပေးသော ဘုရားသခင်ဟ တပါးတည်း ဆိအယ်။
ငါလို့အဖို့ ဘုရားသခင်၊ ခမည်းတော် တပါးတည်းသာ ဆိအယ်။ ကိုယ်တော်ဟ ခပ်သိမ်းသောအရာလို့ဟို ဖန်ဆင်းအယ်။ ကိုယ်တော်အဖို့ ငါလို့ အသက်ဆှင်ကြအယ်။ ငါလို့မှာ သခင်ဘုရား တပါးတည်း ဆိအယ်။ အဲသူဟ ယေရှု ခရစ်တော် ဖြစ်အယ်။ အဲသူအားဖြင့် ခပ်သိမ်းသောအရာလို့ဟ ဖန်ဆင်းခြင်းဟို ခံရကြပင်း သူ့အားဖြင့် ငါလို့ဟ အသက်ဆှင်ကြအယ်။
ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”
အုပ်စိုးမှု၊ အခွင့်အာဏာ၊ တန်ခိုးနဲ့ အစိုးရခြင်း၊ အခုကာလနှိုက် သာမက နောင်လာမဲ့ ကာလနှိုက် ခေါ်ဆိုအပ်သော နာမအားလုံးလို့ထက် သာလွန်အယ်။
ဘုရားသခင်ဟ သူရဲ့ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်သောနေရာဖြစ်ရန် နင်လို့ဟလည်း အေးသခင်နှိုက် အတူတကွတည်ဆောက်ခြင်းခံရကြအယ်။
အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊
အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟ ညီအကိုလို့နှိုက် တည်ဆိပါစေသော။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။