32 တယောက်နဲ့တယောက် သနားစုံမက်ကြကာ ဘုရားသခင်ဟ ခရစ်တော်နှိုက် နင်လို့ဟို ခွင့်လွတ်သလိုမျိုး တယောက်နဲ့တယောက် ခွင့်လွတ်ခြင်း ဆိကြလော့။
သူတပါးဟ ငါလို့ဟို ပစ်မားလဲ့ အပစ်များဟို ငါလို့ဟ လွှတ်သလိုမျိုး ငါလို့ရဲ့ အပစ်များဟို လွှတ်မန့်။
နင်လို့ဟ ရပ်လျက် ဆုတောင်းသောအခါ၊ တစုံတယောက်အပေါ် အပစ်တင်စရာ ဆိရင်၊ သူလို့ဟို ခွင့်လွှတ်မန့်၊ အေးလို့မှသာ ခေါန်းခင်ဘုံနှိုက် ဆိသော နင်လို့ အဖဟ နင်လို့ရဲ့ အပစ်များဟို ဖြေလွှတ်ပေးလိမ့်မယ်။”
ငါလို့ရဲ့ ဘုရားသခင်ဟ သနားခြင်း ကရုဏာနဲ့ ကြွယ်ဝသောကျောန့် ကိုယ်တော်ဟ ကယ်တင်ခြင်းဟို ခေါန်းခင်မှ နေအရုဏ်ဟ ငါလို့အပေါ်ဟို သက်ရောက်စေယွေ့၊
ငါလို့အား ပစ်မားသောသူဆိသမျှလို့ရဲ့ အပစ်များဟို ငါလို့ လွှတ်သလိုမျိုး ငါလို့ အပစ်များဟို ခွင့်လွှတ်ပါ ငါလို့ဟို ခက်ခဲသော စုံစမ်းခြင်းဟို မခံရပါစေနဲ့’ ဟု မြွက်ဆိုကြလော့” ဟု မိန့်အယ်။
တနေ့ထဲတွင် ခုနေကြိမ် နင့်ဟို ပစ်မားယွေ့ ခုနေကြိမ်မြောက်အောန် နင့်ဆေဟို လာပင်း ‘ငါ နောင်တရအယ်’ ဟု ပြောရင် နင်ဟ သူ့ရဲ့ အပစ်ဟို ခွင့်လွှတ်ရမယ်” ဟု တဘဲ့တော်လို့အား ပြောအယ်။
အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
“သူတပါးဟို တရား မစီရင်နဲ့၊ ဘုရားသခင်ဟ နင်လို့ဟို တရားစီရင် လိမ့်မယ် မဟုတ်၊ သူတပါးဟို အပစ်တင် မရှုတ်ချနဲ့၊ ဘုရားသခင်ဟ နင်လို့ဟို အပစ်တင် ရှုတ်ချတော်မမူ၊ သူတပါးဟို ခွင့်လွှတ်ကြလော့၊ ဘုရားသခင်ဟ နင်လို့ဟို ခွင့်လွှတ်လိမ့်မယ်။
ကျွန်းသူ ကျွန်းသားလို့ဟ ငါလို့ ပေါ်တွင် ထူးခြားသော ချစ်ခင်ကြင်နာမှုဟို ပြသကြအယ်။ မိုးရွာသဖြင့် အေးလာသောကျောန့် အေးသူလို့ဟ မီးဖိုပင်းရင် ငါလို့အား လက်ခံကြိုဆိုကြအယ်။
တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
မေတ္တာဟ စိတ်ရှည်တတ်အယ်။ ကြင်နာသနားတတ်အယ်။ မေတ္တာဟ ဂုဏ်ပြိုင်ခြင်း မဆိ၊ ဝါကြွားခြင်း မဆိ၊ မာန်မာန မဆိ။
နင်လို့ဟ တစုံတဦးဟို သူလို့ပြုခဲ့လဲ့အရာအတွက် နင်လို့ ခွင့်လွှတ်လဲ့အခါ၊ ငါလည်း သူလို့ဟို ခွင့်လွှတ်အယ်။ အကျောန်းမှာ ငါဟ အမန်စင်စစ် တစုံတခုဟို ဖြေလွှတ်ရန်လိုရင် နင်လို့ အကျိုးဟို ထောက်ယွေ့ ခရစ်တော်ရဲ့ ဆေ့နှိုက် အဲသူရဲ့ အပစ်ဟို ဖြေလွှတ်အယ်။
အခုမှာ နင်လို့ဟ သည်းမခံနိန်လောက်အောန် ဝမ်းနည်းခြင်း ဖြစ်စေမဲ့အစား သူ့ဟို ခွင့်လွှတ်ပင်း နှစ်သိမ့်ပေးသင့်အယ်။
ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊
နင်ဟ ဘုရားသခင်ရဲ့ ချစ်လှစွာသော လူပဲ့သငယ်များဖြစ်သောကျောန့်၊ နင်ဟ သူလိုမျိုးတူအောန် ကြိုးစားရမယ် ဖြစ်အယ်။
သည်းခံနိန်သောသူလို့ဟ မင်္ဂလာဆိသူ ဟူယွေ့ ငါလို့ ခေါ်ကြအယ်။ ယောဘဟ သည်းခံကျောန်းဟို နင်လို့ ကြားရကြပီ။ ထာဝရဘုရားဟ မိမိအမှုဟို လက်စသတ်ရာမှာ ရမ်းဆာ့ ကရုဏာထားကျောန်းဟိုလည်း သိမျော်ရကြပီ။
ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနှိုက် ညီအကိုချင်း ချစ်သောမေတ္တာဟို လည်းကောင်း၊ ညီအကိုချင်း ချစ်သောမေတ္တာနှိုက် ချစ်ခြင်းမေတ္တာဟို လည်းကောင်း လုံ့လဝီရိယ ဆိသမျှဖြင့် ထပ်ဆင့် ဖြည့်စွက်ကြလော့။
ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
လူပဲ့သငယ်လို့၊ နင်လို့ဟ ခရစ်တော်ရဲ့ နာမတော်အားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း ခံရပီ ဖြစ်သောကျောန့် နင်လို့ဆေ ငါ ရေးလိုက်အယ်။