29 နင်လို့ရဲ့ စလောင်ထဲမှ မကောင်းသောစကား တခွန်းဟိုမျှ မထွက်စေနဲ့၊ ကြားရသော သူလို့ဟို အကျိုးပြုနိန်ရန် လိုအပ်ချက်နဲ့အညီ တည်ဆောက်စရာဖြစ်စေလဲ့ ကောင်းသောစကားလို့ဟိုသာ ပြောဆိုကြလော့။
အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
သူလို့အားလုံးဟ ကိုယ်တော်ဟို ချီးကျူးကြပင်း သူ့နှုတ်ထွက်စကားလို့ဟို အံ့ဩလျက် “ဟေသူဟ ယောသပ်ရဲ့ သား မဟုတ်လော” ဟု ဆိုကြအယ်။
အဲလို သူပြောတာဟို တဘဲ့နေယောက်လို့ဟ ကြားသောအခါ ယေရှုရဲ့ နောက်ဟို လိုက်ကြအယ်။
အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။
ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။
အားပေမဲ့ အသင်းတော်နှိုက် အခြားသော ဘာသာစကားဖြင့် စကားအထောင်အသောင်းဟို ပြောနိန်တာထက်၊ သူတပါးလို့ဟို သွန်သင်ခြင်းငှာ စကားငါးခွန်းဟို ဉာဏ်နဲ့တကွ ပြောနိန်သောအခွင့်ဟို သာယွေ့ အလိုဆိအယ်။
အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။
အေးဦးခေါင်းမှတဆင့် ကိုယ်ခန္ဓာတခုလုံးဟ ထောက်မပေးသော အဆစ်ဆိသမျှလို့ဖြင့် အံဝင်ခွင်ကျ ဆက်စပ်ခြင်းနဲ့ ပေါင်းစည်းခြင်းကို ခံရလျက် အင်္ဂါစိတ်အပိုင်းတခုစီဟ မိမိအငန်းအတာအလိုက် လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို ချစ်ခြင်းမေတ္တာနှိုက် တည်ဆောက်ကာ ကိုယ်ခန္ဓာဟို ကြီးထွားစေအယ်။
နင်လို့ပြောသောစကားဟ နားဝင်ချိုယွေ့ စိတ်ဝင်စားဖွယ် ဖြစ်စေကြလော့၊ မေးမြန်းသူတိုင်းအား စလို လျောက်ပတ်စွာ ပြန်လည် ဖြေကြားရမယ်ဟို နင်လို့ လေ့လာထားကြလော့။
အေးလိုမို့ အခုနင်လို့ လုပ်နေလဲ့အတိုင်း အချင်းချင်း ခွန်အားပေးယွေ့ တဦးဟိုတဦး တည်ဆောက်ပေးကြလော့။
ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။
အေးနည်းတူ ပေါင်အိုမလို့၊ နင်လို့ရဲ့ ဖိုးအိုများရဲ့ အုပ်စိုးခြင်းဟို နာခံကြလော့။ အေးလို့လုပ်ရင် တချို့ဖိုးအိုလို့ဟ နှုတ်ကပတ်တရားဟို မယုံကြည်ကြရင်တောင် နင်လို့ရဲ့ ကြောက်ရွံ့ရိုသေမှုနဲ့ သန့်ဆှင်းစင်ကြယ်သော အသက်ဆှင် နေထိန်မှုကို မျော်လျက် ပေါင်အိုမရဲ့ စကားအားဖြင့် မဟုတ်ဘဲ၊
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။